စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 20, 2022

သဒ္ဓါနှင့်ရည်ရွယ်ချက်..

ဘုရားဆွမ်းတော် တင်သည့်အခါ 
ပမာဏသည် အဓိကမဟုတ်ဘဲ မိမိ၏ သဒ္ဓါတရားနှင့် ရည်ရွယ်ချက်ကသာလျှင် 
အဓိကပါ

နည်းတာ များတာ အဓိက မဟုတ်ပါဘူး၊ 
ဘယ်ဟာပဲ ဖြစ်ဖြစ် နည်းနည်း များများ 

မြတ်စွာဘုရားကို ပူဇော်တယ်ဆိုတဲ့ 
စိတ်နဲ့ လှူတာတော့ အကောင်းဆုံးပေါ့နော်။

ပူဇော်တယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်စားတဲ့အထဲက 
တစ်လုတ်၊ တစ်ဆုပ်ပဲ ဘုရား ဆွမ်းလောင်းတာ 

ကြည့်လေတစ်ဇွန်းလောင်းတာ တစ်ဇွန်း
လောင်းတဲ့ သူလည်းအပြစ်ပြောစရာမလိုဘူးနော်။

ဘုရား တစ်သပိတ်လုံး အပြည့်ကပ်တဲ့ 
သူလည်း ရှိတာပဲ ၊ တစ်ဇွန်းထဲလောင်းတဲ့ 
သူလည်း ရှိတာပဲ။

ဆွမ်းခံတယ်ဆိုရင် 
တစ်ဇွန်းပဲ လောင်းကြမှာပဲလေ။

အဲ့တော့ ဆွမ်းတော်တင်တဲ့ အခါမှာလည်း 
တစ်ဇွန်းပဲ တင်တင်၊အပြည့် တင်တင်ကိုယ့်ရဲ့
ရည်ရွယ်ချက်က ဟို မြတ်စွာဘုရားရဲ့ 
ဂုဏ်တော်ကို ပူဇော်တယ်။

မြတ်စွာဘုရားကို ရည်းစူးပြီးတော့ 
လှူဒါန်းတာ ဆိုလို့ ရှိရင် နတ္ထိ စိတ္တေ 
ပသန်နာမိ အပကနာမ ဒကျခိနာ

သူက စိတ်ကြည်နူးပြီးတော့ လုပ်လို့ရှိရင် 
ဒါနဟာသေးဖွဲတဲ့ ဒါနလို့ ပြောလို့ မရဘူးတဲ့။

မြတ်စွာဘုရား သက်တော်ထင်ရှားလှူတာနဲ့ 
ပရိနိဗ္ဗာန်စံသွားတဲ့ ဘုရားလှူတာ စိတ်ထားချင်း 
တူညီမယ်ဆိုရင် တူညီသော အကျိုးရတယ် 
ဒီလိုဟောထားတာ။

အဲ့လို မဟုတ်ဘဲနဲ့ ဟိုကပ္ပိယကြီးလိုတော့ 
မလုပ်နဲ့ပေါ့၊ နေ့တိုင်းဆွမ်းတော်တင်တယ် 
ဘုရားရဲ့ဆွမ်းတော်ကျကို ကပ္ပိယကြီးက
နေ့တိုင်းစားနေကျ။

အဲ့မှာ ဆွမ်းတော်တင်တဲ့ 
အခါမှာသူက ကြည့်နေတယ်။ 

ကြည့်နေတဲ့ အခါမှာ သူနဲ့ မတည့်တာပါသွား
တဲ့ အခါ အဲ့ဒါ ငါနဲ့ မတည့်ဘူးလို့ ပြောတယ်။

ဆွမ်းတော်ကောက်နေတဲ့ သူက အဲ့တာ 
ငါနဲ့ မတည့်ဘူးလို့နော် ၊ သူ့လှူတာမှတ်ပြီးတော့ 

သူက ဘုရားဆွမ်းတော်ကျ 
စားနေကျကို အဲ့လိုတော့ မလုပ်နဲ့ပေါ့နော်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit..

No comments:

Post a Comment