...............................................
ဝီရိယကြီးမားစွာနဲ့ နေရမယ်ဆိုတော့
ဝီရိယဆိုတဲ့ စကားလုံးရဲ့
အဓိပ္ပာယ်ကို စီစစ်ကြည့်ရအောင်။
❛ ဝီရိယ၊ ဝီရိယ ❜ ဆိုပြီးတော့
မြန်မာစာလုံးအနေနဲ့ သုံးနေကြတယ်။
အမှန်ကတော့ ဝီရိယဆိုတဲ့ စကားလုံးဟာ
မြန်မာစကားမဟုတ်ပါဘူး။
ပါဠိစကားသာဖြစ်ပါတယ်။
မြန်မာမှုနည်ပယ်မှာ ပါဠိစကားလုံးကို
မြန်မာမပြန်ပဲ တိုက်ရိုက်အသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။
❛ ဝီရိယ ကို လုံ့လ ❜ လို့ ဘာသာပြန်ပြီးတော့ ❛ လုံ့လဝီရိယနည်းတယ်၊ ❜ ❛လုံ့လဝရီယကြီးတယ် ❜ စသည်အားဖြင့် ပြောတတ်ကြတယ်။
ဝီရိယကိုပဲ ❛ ကြိုးစားအားထုတ်မှု ❜လို့ ဘာသာပြန်ပြီးတော့ ကြိုးစားအားထုတ်မှုရှိတယ်၊ ကြိုးစားအားထုတ်မှုမရှိဘူး စသည်အားဖြင့် ဒီလိုလည်း ပြောတတ်ကြတယ်။
❛ လုံ့လ ❜ ဆိုတဲ့ဘာသာပြန်ချက်ရော ❛ ကြိုးစားအားထုတ်မှု ❜ ဆိုတဲ့ ဘာသာပြန်ချက်ပါ ဝီရိယဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အနက်အဓိပ္ပာယ် မဟုတ်ပါဘူး။
ဝီရိယဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အနကိအဓိပ္ပာယ်ကတော့ ❛ ဝီရာနံ ဘာဝေါ ဝီရိယံ ❜
လို့ ဆိုတဲ့အတိုင်း ❛ ရဲရင့်ခြင်း❜ ကို ဝီရိယလို့ ခေါ်တယ်။
ရဲရင့်သူတို့၏ဖြစ်ကြောင်း၊ ရဲရင့်သူတစ်ယောက်ဖြစ်လာခြင်းရဲ့ အကြောင်းရင်းကို ဝီရိယလို့ခေါ်တယ်။
လူဟာ ဝီရိယရှိမှ ရဲရင့်တယ်၊
ဝီရိယမရှိရင် မရဲရင့်ဘူး။
ဒါကြောင့်.......
ဝီရိယဆိုတာ ရဲရင့်ခြင်း။
ဘာကိုရဲရင့်တာလဲ .......
မိမိလုပ်နေတဲ့ ပဓာနအလုပ်ရဲ့ ဆန့်ကြင်ဖက်အကြောင်းတရားတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရတဲ့ သဘောကို ဝီရိယလို့ ခေါ်တယ်။
ဆရာတော်အရှင်ဆန္ဒာဓိက 🙏🙏🙏🙏🙏
ရဲရင့်သူတို့၏နေရာ တရားတော်မှ ပြန်လည်မျှဝေပါသည်။
🙏🙏🙏
သတ္တဝါအပေါင်း
No comments:
Post a Comment