. 🕶🕶🕶🕶🕶🕶🕶
*** သေခါနီးကျရင် -
သွားရောက်ရမဲ့ ဘုံဘဝကို မြင်ရတယ် ။
အဲဒီ သွားရမဲ့ဘုံဘဝကို မြင်ပြီးမှသာ သေတယ် ။
သွားရာမမြင်ဘဲ မသေဘူးဆိုတာ မှတ်ထားကြ ...။
ဝိပဿနာအလုပ် မလုပ်သေးရင် -
သက္ကာယဒိဋ္ဌိ တန်းလန်းနဲ့ သေရမှာချည်းပဲ .....။
သက္ကာရအစွဲနဲ့ သေရသူမှန်သမျှ
ဒုဂ္ဂတိဘဝဆိုတာ
မြေကြီးလက်ခတ်မလွဲပါပဲ .....။
ဒကာဒကာမတွေရဲ့ ကြုံတွေ့ရမယ့်
အဖြစ်ဆိုးတွေ မြင်လို့ - သိလို့ - သနားလွန်းလို့
ဘုရားကလည်း အကြိမ်ကြိမ် ဟောခဲ့တယ် .....။
သေမှာသိတာနဲ့ တပြိုင်နက် -
လက်ရှိခန္ဓာနဲ့ သားသမီး ပစ္စည်းတွေနဲ့
ခွဲရတော့မယ်ဆိုတဲ့ ဒေါသ လာတယ် .....။
ခန္ဓာ ရုပ်နာမ် အမှန်မသိတော့
တဏှာ ဥပါဒါန်နဲ့ စွဲထားတာကိုး .....။
ဒီအမှန်မသိတဲ့ သဘောက မောဟ - အဝိဇ္ဇာ ။
ဝိပဿနာအလုပ် မလုပ်ဘဲ သေရင် -
ဒါတွေနဲ့သေရမှာ ဒိဋ္ဌိ မကွာသေးဘဲကိုး .....။
ဒီတော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ -
အစွဲတွေနဲ့ သေရရင် ဒုဂ္ဂတိက ကိုယ်ပိုင်အိမ်လို့ ဆုံးဖြတ်ချက်ချကြ သဘောပါပြီလား .....။
ဒါ့ကြောင့် ဒကာ ဒကာမတွေ -
အခုနှယ် အချိန်ကောင်းရတုန်း
အကြောင်းညီညွတ်တုန်းမှာ ဝိပဿနာလုပ်ကြ .....။
ဝိပဿနာ မလုပ်မိရင် စိတ်မချရဘူး .....။
ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော်ဘုရားကြီး
🙏🙏🙏
"မဂ္ဂဥာဏ်မြတ် ကြွေးကုန်ဆပ်တရားတော်မှ-"
_________________________________________
★JG Jay Gyi
Copy: မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များ...။
No comments:
Post a Comment