စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 9, 2022

ခေတ်မမှီနဲ့ ခေတ်ဆန်ကြ

" ခေတ်မမှီနဲ့ ခေတ်ဆန်ကြ "

ဆုတ်ကပ်ဆိုတော့ ခေတ်က
အောက်ကိုလျှောပြီး မျောသွားနေတယ်။
ခေတ်ကိုမှီပြီး ခေတ်နောက်
လိုက်နေရင်တော့
စုန်းစုန်းမြှုပ်မှာပဲ ။

ဒီတော့ 
ခေတ်ကို ‌ဆန်တက်ရမှာ
ခေတ်ဆန်တယ် ဆိုတာ
သူများ မလုပ်တာကို လုပ်တာပဲ ။

သူများတွေ လောဘကြီးနေချိန်မှာ
တို့က လောဘမကြီးပဲ နေကြ ။

သူများတွေ ဒေါသကြီးနေချိန်မှာ
တို့က မေတ္တာနဲ့ သည်းညည်းခံ နေကြ ။

သူများတွေ မာနနဲ့ မသမာစိတ်နဲ့ 
လုပ်နေချိန်မှာ တို့က သမာသမတ်နဲ့ လုပ်ကြ ။

သူများတွေ နှမြောတွန့်တိုနေချိန်မှာ
တို့က ရက်ရက်ရောရော ပေးကမ်းကြ ။

သူများတွေ မုသားဘယ်လောက်ပြောပြောတို့က မှန်တာပဲ ပြောကြ ။

သူများတွေ အင်္ကျီအမဲကြီးဝတ်လာရင်
ကိုယ်က ဖြူ စင်ပြလိုက်
မင်းအင်္ကျီက မည်းညစ်ပေရေနေတာပဲလို့
ပြောမနေနဲ့
အဖြူ နဲ့ အမဲ ယှဉ်ပြလိုက်
သူ့ဟာသူ သိလာပါလိမ့်မယ် ။

ခေတ်မှီပြီး ရောလိုက်မနေနဲ့
ခေတ်ကို ဆန်တက်ကြ ။

ဘယ့်နှယ်လဲ
ခေတ်မှီ မှာလား
ခေတ်ဆန် မှာလား 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

Credit...

No comments:

Post a Comment