စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 12, 2022

အတွေးနဲ့ အကြွေး

အတွေးနဲ့ အကြွေး
÷÷÷÷÷÷÷÷÷÷÷
#အတွေးလည်း မကပ်စေနဲ့။
#အကြွေးလည်း မထပ်စေနဲ့။

#အတွေးကပ်တော့ အဆွေးဓာတ်က 
အအေးဓာတ်ကို မဖြစ်စေဘူး။
#အကြွေးထပ်တော့ ပေးဆပ်စရာတွေက 
အထပ်ထပ် တိုးစေတတ်တယ်။

#အတွေးရဲ့ သဘောက ကောင်းတဲ့အတွေးထက် မကောင်းတဲ့အတွေးကသာ ခေါင်းထဲမှာ ရောက်ရောက်လာတတ်တယ်။ မကောင်းအတွေးဆိုတာ တွေးတိုင်းတွေးတိုင်း မကောင်းစိတ်ကိုပဲ ပိုဖြစ်စေတယ်။

#အကြွေးရဲ့ သဘောကလည်း ရှောင်လွှဲလို့မရဘူး။ အတိတ်အကြွေးက ဝဋ်ကြွေးဖြစ်သွားရင် သူတော်ကောင်းကြီးတွေတောင် ပေးဆပ်ရတတ်တယ်။ အကြွေးဆပ်နေရတဲ့ ဘဝမှာ အကြွေးတွေတော့ မထပ်စေနဲ့ပေါ့။ 

#အတွေးကိုလည်း သတိထား၊
#အကြွေးတွေလည်း ထပ်မများပါစေနဲ့။

မေတ္တာဖြင့်
မနာပ ဒါယီ ကိုရီးယားဆရာတော်

No comments:

Post a Comment