"လူတစ်ယောက်၏ ဘုန်းကံ
----------------🌺🌿🌺----------------
*အကြင်သူသည် အိပ်ပျော်နေ၏ ။
ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း အိပ်ပျော်နေကြကုန်၏ ။
*အကြင်သူသည် အိပ်ရာမှနိုးလာ၏ ။
ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း
လူးလွန့်လာကြကုန်၏ ။
*အကြင်သူသည်
အလုပ်လုပ်ရန်ထ၍ထိုင်၏ ။
ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း
ခေါင်းထောင်လာကြကုန်၏ ။
*အကြင်သူသည်
လုပ်ငန်းခွင်သို့စ၍ဝင်၏ ။
ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်း
အကျိုးပေးဖို့ရန် အသင့်အနေအထား
စောင့်စား၍ နေကြကုန်၏ ။
*အကြင်သူသည် လုပ်ငန်းကို
ဆုံးခန်းတိုင်အောင် ပေါက်မြောက်အောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ။
(ထိုအခါတွင်) ထိုသူ၏
ဘုန်းကံပါရမီ အရှိန်အဝါတို့သည်လည်းလန်းလန်းဆန်းဆန်းဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အဝ အကျိုးပေးကုန်ကြတော့၏ ။
(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)
No comments:
Post a Comment