စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 14, 2022

သူများအပြစ်တွေကိုလည်း မပြောနှင့်

သူများအပြစ်တွေကိုလည်း မပြောနှင့်
______________________________

လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကိုတော့
ကောင်းတယ်လို့ ထင်ကြတာချည်းပါပဲ။ 
ကိုယ့်ကို မကောင်းဘူးလို့ပြောရင် 
ဟုတ်သည်ဖြစ်စေ၊ မဟုတ်
သည်ဖြစ်စေ မခံနိုင်ကြပါဘူး။ 
အများစုကတော့ ကိုယ့် အပြစ်ပြောရင် 
သူ့အပြစ်ကို ပြန်ပြောဖို့ အရံသင့်ပါပဲ။
သူ့အပြစ်ကို ကိုယ်က ပြောရင် 
ကိုယ့်အပြစ်ကိုလည်း သူက ပြန်ပြောလိမ့်မယ်။ သူကပြောလိုက် ကိုယ်က ပြောလိုက်နှင့် 
အပြန်အလှန် ပြောဆိုကြရင်း 
အကြီးအကျယ် ဒေါသတွေ ဖြစ်ကြ၊ ပေါက်ကွဲကြ၊ သိကြ ဆင်းရဲကြရတတ်တယ်။ 
ဆိုကြ ဆဲကြ သတ်ကြ ဖြတ်ကြတဲ့အထိ ဆိုးဝါးသွားတာတွေလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သူတစ်ပါးအပြစ်ကို
ပြောတာဟာ အလွန်အန္တရာယ်ကြီးတယ်ဆိုတာ
သိထားသင့်ပါတယ်။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

No comments:

Post a Comment