စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 13, 2022

တရားအားထုတ်ရင်းကိလေသာတွေ ထပ်ထပ်ဖြစ်နေတယ်

…🌿#အားထုတ်ရင်းနဲ့
             #ကိလေသာတွေ
                  #ထပ်ထပ်ဖြစ်နေတယ် 🌿…

🔹 #ကိလေသာဆိုတာ_အကုသလဓမ္မပဲ။
      ကုသလဓမ္မ၊ အကုသလဓမ္မဆိုတာ 
      ပဋ္ဌာန်းမှာ ကြားဖူးပါလိမ့်မယ်။
      ကုသိုလ်တရား၊ အကုသိုလ်တရား၊
      တရားဆိုတာ သ ဘော၊
      ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး။

   စိတ်ထဲမှာဖြစ်နေတဲ့ ကိလေသာကို
   ရှုတဲ့အခါကျရင်  
   အယူမမှန်ပဲနဲ့ ရှုလို့မရပါဘူး။
   ကိလေသာတွေ ပိုဖြစ်လာပါလိမ့်မယ်။
   
   ဖြစ်တဲ့စိတ်ကိုပဲ ငါ့စိတ်လို့ ယူထားတာ
   #ရှုနေတဲ့စိတ်ကလည်းကုသိုလ်စိတ်
   ဆိုတာကို မေ့နေတယ်၊ ဒါလဲမသိဘူး။
   ဖြစ်တဲ့စိတ်ကိုပဲ, အာရုံကိုပဲ 
   ပြဿနာရှာနေတယ်။
   ငါ့စိတ်က ကိလေသာတွေ များလိုက်တာ
   ဆိုတော့  
   အကြီးအကျယ် စိတ်ဓာတ်ကျသွားလိမ့်မယ်၊၊

   အယူမှန်တဲ့သူကျတော့
   စိတ်မှာ ဒီလောက်များတဲ့ကိလေသာတွေ
   မြင်ရပြီဆိုရင် 
   မြင်ရတဲ့အတွက် ဝမ်းသာတယ်။
   အော် သတိတွေ ကောင်းလာတယ်၊
   သမာဓိတွေ ကောင်းလာတယ်၊
   ဒါကြောင့်  
   ကိလေသာတွေ တွေ့ရတာ၊ သိရတာ။

   အရင်ထဲကလည်း ဒီလိုပဲ ဖြစ်နေတာပဲ၊
   မသိခဲ့တာပါ။
   မသိသေးတာတွေ သိလာတယ်ဆိုတာ
   အသိဉာဏ်တွေ တိုးလာတာပါပဲ။
   မသိသေးတာတွေ သိလာတာ
   ဝမ်းသာစရာပဲ။
   ဒါကို နှလုံးမသွင်းတတ်တဲ့အခါကျတော့
   သင့်တင့်လျောက်ပတ်အောင်
   နှလုံးမသွင်းနိုင်ရင် 
   အကုသိုလ်ပဲ ဖြစ်တော့တာပဲ။

   သတိ သမာဓိကောင်းလာရင်
   ငါကောင်းတယ်ပဲ၊ ငါမို့လို့ လုပ်နိုင်တာ၊
   ငါတော်တယ်ပဲ ထင်နေတာ၊
   သတိကောင်းတာ၊ သမာဓိကောင်းတာ၊
   ငါကောင်းတာ မဟုတ်ဘူး။
   နှလုံးမသွင်းတတ်တဲ့အခါကျတော့
   ငါ့တရားကောင်းတယ်၊ ငါတော်တယ်ဖြစ်
   ဘဝင်တွေမြင့်၊ မာနတွေဖြစ်နဲ့
   ကိလေသာဖြစ်တော့တာပဲ။
   
   #အားထုတ်ရင်းနဲ့ပဲ
   #ကိလေသာတွေထပ်ထပ်ဖြစ်နေတယ်။
   အယူမှန်တယ်ဆိုရင်  
   ကိလေသာတွေ ပါး, ပါးလာရမှာပေါ့။
   တရားက တရားပဲ၊
   ဘယ်သူ့တရားမှ မဟုတ်ဘူး။
.
.
. { ဆရာတော်အရှင်တေဇနိယ-ရွှေဥမင် }
                        🙏 🙏 🙏 
                       Virgo Virgo 
.
. [ “အလုပ်ပေးတရားတော်”မှ ပူဇော်ပါသည် ]

No comments:

Post a Comment