စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 20, 2022

ကိုယ်ကျင့်သီလ လူ့အလှ

🙏 ကိုယ်ကျင့်သီလ လူ့အလှ 🙏

▪ကိုယ်ကျင့်သီလဟာ လူရဲ့ အလှတန်ဆာပဲ။

▪ကိုယ်ကျင့်သီလ ကောင်းတဲ့ပုဂ္ဂိုလ်၊ သီလလုံခြုံတဲ့ပုဂ္ဂိုလ်ဟာ အန္တရာယ်ကင်းတယ်၊ ကောင်းသတင်း ကျော်ကြားတယ်၊ နာမည်ကြီးတယ်၊ ပရိတ်သတ်အလယ်မှာ ခန့်ညားထည်ဝါတယ်၊ သေတော့ မတွေမဝေ သေရတယ်၊ သေပြီးတဲ့နောက် ကောင်းရာ သုဂတိဘုံဘဝ ရောက်ရတယ်။

▪လူ့လောကမှာ စည်းကမ်းဖောက်ဖျက်သူတွေကို အပြစ်ပေးဖို့ ပြစ်ဒဏ်ချဖို့ နေရာအသီးသီးမှာ အကျဉ်းထောင်ဆိုတာ ရှိသလို သံသရာမှာလည်း ကိုယ်ကျင့်သီလမကောင်းတဲ့ ပုဂ္ဂိုလ်တွေ သီလမလုံခြုံတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြစ်ဒဏ်ချဖို့ အပယ်ဘုံဆိုတဲ့ အကျဉ်းထောင်ကြီးရှိတယ်။

▪လောကပြစ်မှုကျူးလွန်လို့ အကျဉ်းထောင်ချခံရတာက တစ်ခဏ၊ အလွန်ဆုံး တစ်ဘဝပေါ့။ လွတ်မယ့်ရက်ကို ခန့်မှန်းလို့ ရသေးတယ်။

▪ကိုယ်ကျင့်သီလ မကောင်းလို့၊ သီလမလုံခြုံလို့ အပါယ်ဘုံဆိုတဲ့ အကျဉ်းထောင်ကြီးကို ကျရောက်သွားရင်တော့ လွတ်မယ့်ရက်ကို ခန့်မှန်းလို့ မရတော့ဘူး။

▪နှစ်အကန့်အသတ်မရှိ အကုသိုလ်ကံ မကုန်မချင်း ဆင်းဆင်းရဲရဲ ခံပေတော့။

       (တိပိဋကယောဆရာတော်)

📚အရှင်ပညာတိက္ခ(ယော) စုစည်းရေးသားသည့်
     " ဘဝအသုံးချ ဓမ္မလမ်းညွှန် "
     စာမျက်နှာ ၁၁၄

No comments:

Post a Comment