🍂🍂🍂🌺🌺🌺🍂🍂🍂🌺🍂
ဒကာ။ ။ တပည့်တော်တို့ ပါရမီများ လိုနေလို့လား မသိဘူးဘုရား။ ယူတော့ ယူတာပဲ။
ယူပြီးတဲ့နောက် ပျောက်ပျောက်သွားပါတယ် ဘုရား။
ဆရာတော်။ ။ ဒါကလည်း ဒကာကြီးရယ် အခု မိုးတွေဘာတွေ ရွာတယ် မဟုတ်လား။
ဒကာ။ ။ ရွာပါတယ်ဘုရား။
ဆရာတော်။ ။ ရွာတဲ့အခါကျတော့ အိမ်က မိုးယိုရောဗျ။ အဲသည်လို ယိုတာဟာလည်း အိမ်ကောင်းလို့လား ၊ အိမ်မကောင်းလို့လား၊
ဘယ်ဟာမကောင်းတာလဲ။
ဒကာ။ ။ မိုးယိုတာကတော့ အိမ်မကောင်းလို့ပါဘုရား။
အားထုတ်တုန်း ဖားအော်သံ ကြားတာကတော့ တပည့်တော် ဝီရိယနည်းလို့ပါဘုရား။
ဆရာတော်။ ။ အိမ်ကညံ့လို့လား၊ အိမ်ရှင်က မပြင်လို့လား။
ဒကာ။ ။ အိမ်ရှင်က မပြင်လို့ပါဘုရား။
ဆရာတော်။ ။ ဒါနဲ့ မိုးယိုတာ အိမ်ကို အပြစ်တင်သလားဗျ။
ဒကာ။ ။ အိမ်က ဘာမှ ပြန်မပြောတတ်တော့ အိမ်ကိုပဲ အပြစ်ချလိုက်ရတာပဲဘုရား။
ဆရာတော်။ ။ ဒါ အိမ်ရှင်အပြစ်လား၊ အိမ် အပြစ်လားဗျ။
ဒကာ။ ။ အိမ်ရှင် အပြစ်ပါဘုရား။
ဆရာတော်။ ။ ဒါဖြင့် ခုန ဖားသံဆူညံတာ ကြားတာကကော ပါရမီလားဗျ။
ဒကာ။ ။ ပါရမီရှိတဲ့လူတွေကတော့ ခုနလို
ဆူလည်း နေနိုင်တယ်လို့ မှတ်သားဖူး ပါတယ်ဘုရား။
တပည့်တော်တို့က ပါရမီနည်းတော့ စိတ်ထဲလည်းထားလျက်၊ ဆူညံသံကလည်း ကြားလျက်နဲ့ စိတ်က ဟိုရောက်သည်ရောက်၊ လိုတော့လည်း လိုချင်လိုက်တာ၊ တပည့်တော်ထက် လိုချင်တဲ့သူ မရှိဘူးလို့ ထင်မိပါတယ်ဘုရား။
ဆရာတော်။ ။ ကောင်းပါ့ဗျာ၊
လိုချင်တယ်ဆိုရင်.... ဒကာကြီး ထမင်းဆာရင် စားချင်တယ် မဟုတ်လား။
ဒကာ။ ။ စားချင်ပါတယ်ဘုရား။
ဆရာတော်။ ။ အဟုတ်စားချင်တဲ့ အခါကျတော့ ဒကာမကြီးက ခူးမကျွေးရင် ဘယ့်နှယ်လဲ။
ဒကာ။ ။ ကိုယ်တိုင်ဝင်ပြီး ခူးစားလိုက်တာပဲဘုရား။
ဆရာတော်။ ။ ခူးမပေးရင် ငါတော့ မစားသေးဘူးလို့များ လုပ်သေးသလား။
ဒကာ။ ။ မ လုပြ ပါဘူးဘုရား။
ဆရာတော်။ ။ အခုလည်း အားထုတ်ပါဆိုတော့ ဆူညံသံတွေ ကြားတယ်ဆိုတာ အဟုတ် လိုချင်ရင် ကြားပါ့မလားဗျ။
ဒကာ။ ။ တပည့်တော် အဟုတ်တော့ လိုချင်ပါတယ်ဘုရား။ ပါရမီက ညံ့နေလို့ ထင်ပါတယ်ဘုရား။
ဆရာတော်။ ။ အခုန ထမင်း အဟုတ်စားချင်တယ် မဟုတ်လား။
ဒကာ။ ။ စားချင်ပါတယ်ဘုရား။
ဆရာတော်။ ။ အဟုတ်စားချင်တော့ သူတို့က မကျွေး နေပစေဆိုပြီး နေသလားဗျ။
ဒကာ။ ။ နေပါစေဆိုပြီး မနေပါဘုရား။
ကိုယ်တိုင် ခူးခပ်စားလိုက်တာပါပဲဘုရား။
ဆရာတော်။ ။ အခုလဲ ဆင်းရဲက အဟုတ် လွတ်ချင်ရင် ဘယ်နှယ့်လဲ၊ သည်ဖားတွေကို လှည့်ချနေမှာလား။
ဒကာ။ ။ ဖားတွေကို လှည့်မချတော့ပါဘူးဘုရား၊
ဖားသံ မကြားအောင်ကိုပဲ ကိုယ်နားကို ဝီရိယ တင်းပေးမှာပါပဲဘုရား။
ဆရာတော်။ ။ ဒါဖြင့် သည်လိုလုပ်ဗျ၊ ပါရမီက ရှိကြပါတယ်ဗျာ၊ ဘာကလိုနေတာလဲဗျာ့။
ဒကာ။ ။ ဝီရိယ လိုနေပါတယ်ဘုရား။
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏တရားတော်မှ-
No comments:
Post a Comment