ခံကြရတယ်ဆိုတာ အကြောင်းတရားက
ကိလေသာဧည့်သည်ကို
လက်ခံမိရာက စ ,တာပါပဲ။
ကိလေသာဧည့်သည်ဆိုတာ
ရောက်လာပြီဆိုတာနဲ့ မီးလို ပွားတတ်တယ်။
ပွားလို့ များလာပြီဆိုရင်တော့
မထိန်းနိုင်တော့ဘူး။
မဟုတ်တာတွေ ပြောတော့တာပဲ။
မမှန်တာတွေ လုပ်တော့တာပဲ။
တကယ်က ဒုစရိုက်မှုတွေ
ပြုကြတယ်ဆိုတာ စိတ်ထဲမှာ
ကိလေသာတွေ များလွန်းလို့
မနိုင်တော့လို့ ပေါက်ကွဲသွားတဲ့
သဘောမျိုးပါပဲ ။
ကိလေသာမီးကနေ ဒုစရိုက်မီး၊
ဒုစရိုက်မီးကနေ ငရဲမီးထိ မီးတွေ
အဆင့်ဆင့် ကူးစက်သွားတဲ့ သဘောပါပဲ။
ဒါကြောင့် ကိလေသာဖြစ်တာကို
သေသီး သီးတာလို့ ( သဂါထာဝဂ္ဂပါဠိတော်၊ လောကသုတ္တန်မှာ ) မြတ်စွာဘုရား ဟောပါတယ်။
No comments:
Post a Comment