စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 9, 2022

တရားကျင့်တယ်ဆိုတာ..

တရားကျင့်တယ်ဆိုတာ🙏
::::::::::::::::::::::::::::::::::::::::::
တရားကျင့်တယ်  
တရားမရဘဲ
သေသွားတယ်ဆိုပြီး 
ရှုံးတယ်မထင်နဲ့.....

အထုံပါရမီပါသွားမယ်
ပျော်ပါးနေသူထက်တော့ သာမှာသေချာတယ်ပေါ့....

အဆက်မပြတ်
ရှုမှတ်နေတဲ့အတွက် 
တစ်ချိန်မှာ တရားရဖို့ကသေချာတယ်

သောတာပန်ဆိုတာ 
အရိယာထဲမှာအနိမ့်ဆုံးပဲ
ဒါပေမယ့် ပုထုဇဉ်တွေထက်တော့  
အဆင့်မြင့်တယ် 
တော်ရုံတန်ရုံမြင့်တာမဟုတ်ဘူး
အဆများစွာမြင့်တယ်

ပုထုဇဉ်က အပါယ်လေးပါး
ရောက်နိုင်သေးတယ်
သောတာပန်အဆင့်က  
အပါယ်ကို မကျနိုင်တော့သလို 
နိဗ္ဗာန်ကိုမြင်ပြီးသွားပြီဖြစ်တယ်။

ဒါ့ကြောင့်  
အနိမ့်ဆုံးအဆင့်သောတာပန်
ဖြစ်တဲ့အထိ ကြိုးစား
အားထုတ်ကြရမယ်..

credit..
ဆရာတော် ဓမ္မဒူတ 
ဒေါက်တာပညိဿရာဘိဝံသ
သောတာပန်ဖြစ်ရန် စိတ်ရည်သန်
တရားတော်မှ..🙏🙏🙏

DawThinn(ဒေါ်သင်း)🙏🙏🙏

No comments:

Post a Comment