စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 12, 2022

နှလုံးသွင်းမှန်ဖို့..

⚜️ ဘဝမှာကိုယ်နဲ့ ပတ်သက်ရတဲ့
လူတိုင်းဟာ သံသရာအဆက်ဆက်က ပါလာတဲ့ ရှေးရေစက်ကြောင့်ပါ။

  ⚜️တချို့က ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ။

  ⚜️တချို့ကတော့ ကိုယ့်ဆီကနေ
ကြွေးသစ်ယူသွားကြတဲ့သူတွေလဲ
ရှိမှာပေါ့လေ။

  "ပြုသူအသစ် ဖြစ်သူအဟောင်း" တဲ့။

  ⚜️ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ။

  ⚜️ကိုယ်က ကောင်းပါရဲ့နဲ့
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ

 ⚜️ စော်ကားတာကို ခံရတဲ့အခါ

⚜️ ငြိုငြင်တာကို ခံရတဲ့အခါ

 ⚜️အထင်လွဲတာကို ခံရတဲ့အခါ

  ⚜️သစ္စာဖောက်တာကို ခံရတဲ့အခါ

  ဒီလိုလေး နှလုံးသွင်းလိုက်ပါ။

 ⚜️ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ 
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ။

  ⚜️ခံရတဲ့သူက အဟောင်းခံရတာပါ။ လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ။

  ⚜️များများပေးဆပ်ရရင် မြန်မြန်ကျေတာပေါ့ လို့ သဘောထားပြီး
အခြေအနေ တချို့ကို ကျေနပ် လက်ခံလိုက်ပါ။

  ⚜️ကိုယ့်ရဲ့အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး

 ⚜️ ဘယ်သူကိုမှ တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ ဖြစ်လွယ်ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်...

 ⚜️ အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ်။

Credit ...

No comments:

Post a Comment