ကာမဆိုတာတောက်လောင် နေတဲ့
မြက်မီးရှူးကိုကိုင်ပြီး လေလာရာဆီသို့ပြေးသွားသူနှင့်တူ၏။
တိဏုက်ကူပမာ ကာမာ ဝုတ်တာ
ဘဂဝတာ ဗဟုဒုကျခာ ဗဟုပါယာသာ
အာဒီနဝေါ ဧတ္ထ ဘိယျော
ယောကျ်ားသည် တောက်လောင်
နေသော မြက်မီးရှူးကို ကိုင်ယူ၍
လေညာသို့ သွားလေရာ၏။
သူကြွယ် ထိုစကားကို သင်
အဘယ်သို့ မှတ်ထင် သနည်း
အကယ်၍ ထိုယောကျ်ားသည်
တောက်လောင် နေသော
ထိုမြက်မီးရှူးကို လျင်မြန်စွာသာလျှင် မစွန့် လွှတ် ငြားအံ့၊
ထိုတောက်လောင် နေသော
မြက်မီးရှူးသည် ထိုယောကျ်ား၏
လက်ကို သော်လည်း လောင်ရာ၏၊
လက်ရုံးကို သော်လည်း လောင်ရာ၏ အင်္ဂါကြီးငယ် တစ်ခုခုကို သော်လည်း လောင်ရာ၏၊ ထိုယောကျ်ားသည် ထိုမြက်မီးရှူး လောင်မြိုက်ခြင်းတည်း
ဟူသော အကြောင်းကြောင့် သေခြင်းသို့ သော်လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့ သော်လည်းကောင်း ရောက်ရာသည် မဟုတ်လော ဟု (မေးတော်မူ၏)။
အသျှင် ဘုရား မှန်ပါ၏ ဟု (လျှောက်၏)။
သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား ၏
တပည့်သားသည် ဤသို့ ဆင်ခြင်၏
''ကာမဂုဏ်တို့သည်
မြက်မီးရှူးနှင့် တူကုန်၏၊
များစွာ ဆင်းရဲခြင်း ရှိကုန်၏၊
များစွာ ပင်ပန်းခြင်း ရှိကုန်၏၊
ဤကာမဂုဏ်တို့၏ အပြစ်သည်
များပြား လှ၏'' ဟု
မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊
ဤသို့ ဟုတ်မှန်သည့် အတိုင်း
ကောင်းသော ပညာဖြင့်
မြင်၍ ကာမကိုပယ်၏။
ကာမနဲ့ နေကြတဲ့သူတွေဟာ
တကယ်စဥ်းစားကြည့်ရင်
ကိုယ့်အပူ ကိုယ့်အရှုပ်ကို
ကိုယ် ကိုယ်တိုင်ပဲ ရှာတာ
ကိုယ် ကိုယ်တိုင်းပဲ ဖန်တီးတာ
အမှားလမ်းစဥ်ကိုလိုက်တယ်လို့
ပြောရမယ် တောက်နေတဲ့မီးကို
ကိုင်ပြီးတော့ လေလာရာဘက်ကို
ပြေးသွားတယ်ဆိုတာ
တော်တော်မိုက်မဲ့တဲ့လုပ်ရပ်ပဲနော်
ဒီလုပ်နည်းကိုင်နည်းဟာ အလွန်မှ
အန္တရာယ်ရှိတယ်လို့ဆိုရမယ်
ဒါကြောင့် ကိုယ့်ကိုပူအောင်
ဘယ်သူလုပ်လဲလို့မေးရင်
ကိုယ် ကိုယ်တိုင်ပဲလုပ်တာ
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment