🌺🌿🌺🌺🌿🌺🌺🌿🌺🌺🌿
နိုင်ငံခြားသားတွေ ကျောင်းရောက်လာတဲ့အခါ သူတို့ ပြုံးပြုံး,ပြုံးပြုံးနဲ့ ပြောတတ်တဲ့စကားလေးက-
"မြန်မာအဓိကထွက်ကုန်ပစ္စည်းဟာတရားပဲ၊ သတိပဋ္ဌာန်တရားပဲ၊
ဝိပဿနာတရားပဲ "
" သူတို့မှာပိုက်ဆံရှိတယ်၊ ပစ္စည်းရှိတယ်၊ဒါပေမဲ့ မချမ်းသာဘူးတဲ့၊ ပူလောင်တယ်တဲ့၊ ပူလောင်တော့နှလုံးသားအေးချမ်းစေနိုင် တဲ့အရာ ဘာလဲဆိုတော့ တရားပဲရှိတယ်၊ သတိပဋ္ဌာန်ဝိပဿနာတရားပဲရှိတယ်၊ ဒီတရားဘယ်သွားရှာမတုန်း၊ရှာကြည့်လိုက်တော့ မြန်မာပြည်မှာအပြည့်အစုံရှိသတဲ့၊ အဲသလိုကြားလို့
မြန်မာပြည်ကိုလာခဲ့ကြတာတဲ့"
"နှလုံးသားကိုအေးချမ်းစေနိုင်တာတကယ်တော့တရားပဲရှိတယ်လို့" သိလို့ပြုံးပြုး, ပြုံးပြုံးနဲ့ ပြောတတ်ကြတယ်။
" ဟယ်...ဒို့မှာ ပိုက်ဆံလဲရှိရယ်သားနဲ့ပူလောင်လှချည်လား၊ ဒို့တစ်ခုခုတော့လိုနေပြီ "လို့ စူးစမ်းကြည့်လိုက်တော့...
"အော်...တရားလိုသေးတယ်၊တရားမှလက်တွေ့မကျင့် သုံးရင်ဖြင့်
ဒို့လူဖြစ်တာ အဓိပ်ပါယျမရှိသေးဘူး "လို့
အဲသလို အမြင်တွေပေါ်လာတော့ မြန်မာပြည် ပြေးခဲ့တာပဲတဲ့၊ အဲသလိုဆိုတော့...
ဒကာ ဒကာမတွေမှာ ပြောစရာမလိုတော့ဘူးလေ၊ ကိုယ့်လက်တကမ်းမှာ အဆင်သင့်ပါလား၊ ကိုယ်က သုံးဖို့ပဲလိုတော့တယ်။
တိပိဋကဓရ (ယော)ဆရာတော်
(စိတ်အေးစရာ သာသနာ)တရားတော်မှ
ကောက်နုတ် ပူဇော်ပါသည်။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
#နှစ်သက်ပါကလွတ်လပ်စွာကူးယူမျှဝေပူဇော်နိုင်ပါသည်။
No comments:
Post a Comment