စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 9, 2022

ကြီးပွာတိုးတက်ချင်ရင်

❝ ကြီးပွာတိုးတက်ချင်ရင် ❞
════════════════
ဒီဃဇာဏုသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုတာ
အတိအကျ guide line ဆွဲပေးထားတာရှိတယ်။
.

■ ဥဋ္ဌာန_သမ္ပဒါ ■
စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါတဲ့။ အဲဒီ ကြိုးစားပါဆိုတဲ့ စကားထဲမှာ အံ့သြဖွယ်ရာ
ကောင်းလောက်အောင်မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်။

ကြိုးစားတိုင်းအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး။
.
ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက 
သုံးချက်ထည့်ထားတယ်။
.

(၁) "ဒက္ခ " လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ ကြိုးစားပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။

အရောင်းအဝယ်လုပ်ရင် 
အရောင်းအဝယ် ကျွမ်းကျွင်ရမယ်။

ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် 
ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ 

စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် 
စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးကျွမ်းကျင်မှုရှိရမယ်။ 

ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။

(၂) "အနလသ" ဇွဲကောင်းရမယ်။
ဇွဲမရှိရင်လည်း မအောင်မြင်ဘူး။

(၃) "ဥပါယဝီမံသာ " နည်းပညာရှိရမယ်။

ဘယ်လောက်ပဲ ကြိုးစားကြိုးစား 
နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး။

ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က 
ဟောခဲ့တဲ့ တရားနော်။
မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ" ဥဋ္ဌာနသမ္ပဒါ "ဆိုတဲ့
အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။

■ အာရက္ခသမ္ပဒါ ■
ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအအလွင့်မရှိအောင်
ထိန်းသိမ်းစောင့်ရှောက်မှူ၊ 
ဒါလည်း သိပ်အရေးကြီးတာပဲ။
ရှာတော့ရှာပါရဲ့။ 
အထိန်းအသိမ်းမတတ်တော့ 
အလေအလွင့်တွေဖြစ်တယ်၊ 
ဒါလည်း မဖြစ်စေနဲ့တဲ့။

■ သမဇီဝိတာ ■
ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ 
အမြဲတမ်းညှိနှိုင်းပြီးတော့ သုံးစွဲရမယ်တဲ့။

■ ကလျာဏမိတ္တ ■
.
မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်၊
ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးမသြဝါဒပေးမယ့်
အကြံပေးမယ့် ပုဂ္ဂိုလ်တွေ 
ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ။

စီးပွားတိုးတက်ချင်ရင် 
ဒီသင်္ဂဟတရားလေးပါးနဲ့ 
ပြည့်စုံအောင်လုပ်လို့ ဆိုတာ 
မြတ်စွာဘုရားက
guide line ပေးထားတာပဲ။

▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ}
Ashin Nandamãlãbhivamsa

credit....

No comments:

Post a Comment