=============
လင်"ကို သဘောမကျရင်
ကွာလိုက်ရပါတယ်၊
မယားကို သဘော မကျလည်း
ကွာလိုက်ရတယ်၊
သားသမီးကိုသဘော မကျရင်
အမွေပြတ် ကြော်ငြာလိုက်" ရတာပဲ။
ကိုယ့်"ခန္ဓာကိုယ် ကွာကြည့်စမ်း
ရသလား၊ မရပါဘူးဗျာ
သေတဲ့အထိ ပေါင်းကြရမှာ
ငါဗိုက်ဆာပြီ၊ ငါရေချိုးချင်ပြီ
ငါနောက်ဖေးသွားချင်ပြီ
စသည်ဖြင့် " မပြတ်စဲ နိုင်တဲ့ ခန္ဓာရဲ့ အလိုကို လိုက်နေရတယ်
ဒီလောက်တောင်" ဖြစ်လှတာ
အဲဒီ"ခန္ဓာ ဒုက္ခ ကြီးကို
အကုန်လိုက် မှတ်ပေးနေစမ်းပါ
အချစ်ကပေးသော ချစ်ဒုက္ခ များသာ" သူတစ်ပါး သမီး" ထို သူစိမ်းကြီးကို တစ်သက်လုံး ရှာဖွေကြွေးမွေး နေကြရခြင်းသည် ဒုက္ခ။
သူတစ်ပါးသမီး ထိုသူစိမ်းကြီးက
မွေးလာ သမျှသော"ကလေးများ ၏ လိုသမျှကို ရှာဖွေ ကျွေးမွေးရခြင်းသည်က ဒုက္ခ။
ထို့အတူ ဤ"ဒုက္ခကား
သင်္ချိုင်းဝ ရောက်သည် ထိတိုင်အောင် နားရသည် မရှိ။
ထို ဒုက္ခ အပေါင်းကား
အချစ်ကပေးသော
ချစ်ဒုက္ခ များချည်းဖြစ်ရာ
သူ့ကာမ ကိုယ့်ဘဝ နှစ်မျိူးတို့၌
ခင်မင်နေခြင်းသည်
ဒုက္ခ ဖြစ်ရခြင်း အကြောင်းခံ
အမှန်တရား တည်း။
သူ့ကာမ ခံစားလို၍ "ကိုယ့်ဘဝအား အလျော်အစား ပေးနေရခြင်းသည် ဒုက္ခ" ခံနေရသော အမှန်တရား။
လူသား၌ သစ်စာ
ချစ်ရာမှီသည် ဆိုသောကြောင့်
ဘဝအဆက်ဆက် ဆက်၍ ဆက်၍ မမှား သင့်တော့ပြီ။
No comments:
Post a Comment