. … 🌿 #နဝကမ္မ 🌿 …
🔹#နဝကမ္မဆိုတာ …
နဝ ဆိုတာ အသစ်၊ ကမ္မ ဆိုတာ အမှု၊
နဝကမ္မ ဆိုတာ အမှုသစ်၊
အမှုသစ်ဆိုတာ
ရဟန်းတော်ရဲ့, ဒီ သံဃာတော်ရဲ့
လုပ်ဆောင်ဖွယ်ကိစ္စ မှန်သမျှကို
အမှုသစ်လို့ခေါ်တယ်၊ နဝကမ္မလို့ခေါ်တယ်။
အမှုသစ်အား လှူဒါန်းပါ၏။
လုပ်ဆောင်ဖွယ်ကိစ္စ မှန်သမျှအား လှူဒါန်းပါ၏။
အဓိပ္ပာယ်က လိုအပ်တာဟူသမျှ
အသုံးပြုပါ ဒီလိုဆိုတယ်။
#ပိုက်ဆံကို_နဝကမ္မခေါ်တာမဟုတ်ဘူး၊
#ပြုလုပ်ဖွယ်ကိစ္စမှန်သမျှကို_နဝကမ္မ လို့
ပြောတာ။
ဆွမ်း လိုအပ်ရင်… ဆွမ်းအဖြစ် သုံး၊
သင်္ကန်းလိုအပ်ရင်… သင်္ကန်းအဖြစ် သုံး၊
ထီးလို၊ ဘိနပ်လို၊ သပိတ်လိုတယ်ဆို …
ထီး ဘိနပ် သပိတ်အဖြစ် သုံး၊
လိုအပ်တာ မှန်သမျှ သုံးပါ ဒီလိုဆိုလိုတယ်။
#နဝကမ္မအမှုသစ်အတွက်
လှူဒါန်းပါ၏ လို့ မဆိုရဘူး။
#နဝကမ္မအမှုသစ်အား လှူဒါန်းပါ၏။
ဘုန်းကြီးအား, ဆရာတော်အား,
သံဃာတော်အား လှူဒါန်းတာ မဟုတ်ဘူး၊၊
#သံဃာတော်၏
#လုပ်ဆောင်ဖွယ်ကိစ္စမှန်သမျှအား လှူဒါန်းတာ။
နဝကမ္မအားလှူဒါန်းပါ၏ ဆိုပြီး ဝတ္ထုငွေကို
ဘုန်းကြီးလက်ထဲ ထည့်လိုက်ရမှာလား၊
သင်္ကန်းကြားထဲ ထိုးလိုက်ရမှာလား၊
မဟုတ်ဘူး။
ကပ္ပိယကာရကထံ အပ်နှံရမယ်။
အဲဒီလုပ်ဆောင်ဖွယ်ကိစ္စ ရှိလာတဲ့အခါ
ကပ္ပိယကာရက က အဲဒီဝတ္ထုငွေနဲ့
လုပ်ဆောင်ဖွယ်ကိစ္စတွေကို
ဆောင်ရွက်ပေးတယ်။
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊
ပစ္စည်းလေးပါး လှူဒါန်းတာကတော့
တိုက်ရိုက် လက်ထဲထည့်လှူဒါန်းလို့ရတယ်။
#ကပ္ပိယကာရကဆိုတာ
ကပ္ပိယ… အပ်အောင်၊
ကာရက… ပြုလုပ်ပေးသူ၊
အပ်စပ်အောင် ပြုလုပ်ပေးတတ်သူ လို့အဓိပ္ပာယ်ရတယ်။
အဲဒါ ဒကာ/မတွေ၊ ကျောင်းသားတွေ၊ သီလရှင်တွေပေါ့
ရဟန်း, သာမဏေ သံဃာမှတပါး
ကျန်တဲ့ပုဂ္ဂိုလ်ဟာ
ကပ္ပိယကာရက ဖြစ်နိုင်တယ်။
အဲဒါကိုပဲ သူတော်ကောင်းတို့ လှူနည်း ၅ မျိုးထဲမှာတော့ ကပ္ပိယံဒေတိ တဲ့၊ အပ်စပ်တာကိုလှူတယ်တဲ့။
.
.
. { ချမ်းမြေ့ဆရာတော်ဘုရားကြီး }
🙏🙏🙏
Virgo Virgo
.
No comments:
Post a Comment