စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 12, 2022

သောတာပန်စိတ်ထား_အင်္ဂါခုနစ်ပါး

🌿#သောတာပန်စိတ်ထား_အင်္ဂါခုနစ်ပါး🌿

🔹 ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊
        ထွက်ရိပ်ကင်း၊ ချက်ချင်းကု၊
        ပျက်မှုစိုး၊ တိုး၍ စိုက်၊ လှိုက်လှိုက်ဖို၊
        ကြည်ညို ခုနစ်တန် သောတာပန်။

၁။#ဖြစ်ကြောတို - သောတာပန်ဖြစ်လာလျှင်  
     မပယ်ရသေးသော လောဘ၊ ဒေါသ…    
     စသည်တို့ ဖြစ်သော်လည်း
     ကြာရှည် မဖြစ်၊ ဖြစ်ကြောတိုသည်။

     ပုထုဇဉ်တို့ကား  
     ဉာဏ်ဖြင့် မသိမ်းဆည်းနိုင်၍
     ဖြစ်ကြောရှည်နေတတ်သည်။

၂။#ငြိမ်းလိုစိတ် - မပယ်ရသေးသော
     ကိလေသာများ ငြိမ်းအေးအောင်
     လုပ်မယ်ဆိုတဲ့စိတ် အမြဲရှိသည်။

     ပုထုဇဉ်တို့ကား  
     ထိုကဲသို့ စိတ်မျိုး မထားကြချေ။

၃။#ထွက်ရိပ်ကင်း - ဤဘုရားသာသနာ၌သာ
     သံသရာမှ ထွက်ရာလမ်း ရှိသည်။
     အခြားတိတ္ထိသာသနာ၌ ထွက်ရပ်လမ်း
     အကျင့်ကောင်း မရှိဟု ယုံကြည်သည်။

     ပုထုဇဉ်တို့ကား အခြားမှာလည်း
     ထွက်ရပ်လမ်း ရှိလေဦးမလား ဟု
     သံသယရှိနေကြသည်။

၄။#ချက်ချင်းကု - အပြစ်သင့်လျှင်  
     ချက်ချင်း ကုစားသည်။
     ရဟန်းဖြစ်လျှင် ဒေသနာကြားခြင်း၊
     ဝတ်ဆောက်ခြင်း အမှုတို့ကို ချက်ချင်းပြု
     ကုစားကြ၏။
     လူပုဂ္ဂိုလ်များဖြစ်ပါက ကျူးလွန်မိသော
     အပြစ်အတွက် ချက်ချင်းတောင်းပန်ကြ၏။

၅။#ပျက်မှုစိုး - ကိုယ့်သီလပျက်မှာ စိုးရိမ်သည်။
     အရေးကြုံတိုင်း ကိုယ့်သီလကို 
     အမြဲ စောင်းငဲ့ကြည့်တတ်၏။
     သားငယ်ရှိသော နွားမကြီးသည်
     မြက်ခင်းပြင်၌ အစာစားလိုက်၊
     သားငယ်ကို 
     စောင့်၍ကြည့်လိုက် ဖြစ်နေသည်။

     ပုထုဇဉ်တို့ကား
     သီလပျက်မှာကို မငဲ့တတ်ကြပေ။

၆။#တိုး ၍ #စိုက် - သစ္စာတရားတွေကို
     ဟောပြီဆိုလျှင် တိုးတိုး၍ စူးစိုက်ပြီး
     နာယူတတ်ကြ၏။

     ပုထုဇဉ်တို့ကား ထိုသို့ မဟုတ်ချေ။

၇။#လှိုက်လှိုက်ဖို - သောတာပန်ပုဂ္ဂိုလ်သည်
     သစ္စာတရားတွေကို နာယူရလျှင်
     လှိုက်လှိုက်လှဲလှဲ ကြည်ညိုတတ်ကြသည်။

     ပုထုဇဉ်တို့ကား ထိုသို့ မဟုတ်ချေ။

* ဤသို့သော အင်္ဂါ (၇)ပါးနှင့် ပြည့်စုံပါက
    သောတာပန် ဖြစ်နိုင်ပါသည်။
.
.
. { ရွှေဗောဓိဆရာတော်အရှင်ဝိလာသ }
                        🙏 🙏 🙏 
                       Virgo Virgo

No comments:

Post a Comment