စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 22, 2022

သံသရာနှင့်ကံကြမ္မာ..

သံသရာကို မကြောက်ရင်တော့
ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့ ။

သူ့အသက်ကို သတ်ရင်
ကိုယ့်အသက်လည်း 
မရှည်ပါဘူး ။

သူ့ဥစ္စာကို ခိုးယူထားရင်
ကိုယ့်ဥစ္စာလည်း လုံး၀ မတိုးပွားဘူး ။

သူ့သားမယား စော်ကားရင်
ကိုယ့်မှာလည်း မတော်မတရားဖြစ်မယ် ။

ကိုယ် မဟုတ်တာ လိမ်ပြောမိရင် မှန်တဲ့ သူတွေနဲ့လည်း မတွေ့ရတတ်ဘူး ။

မေ့လျော့စွာ သေရည်သောက်ရင်
ဖြစ်လေရာ ဉာဏ်မရှိပဲ အရူးဖြစ်မယ် ။

ပစ္စုပ္ပန်အကြောင်း ကောင်းပါမှ
အနာဂါတ် အကျိုး ကောင်းကြ မှာပါ။

ဘယ်သူမှ မသိဘူး မထင်ပါနဲ့။

ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ် ။

အပြင်မှာ လာဘ်ထိုးလို့ ရပေမယ့်
ကံကြွေး‌ဆိုရင် ငရဲမှာ လာဘ်ထိုး
မရပါဘူး။

စားရလှတစ်၀မ်း 

၀တ်ရလှတစ်နေ့

နေရလှတစ်သက်လောက်ပါ

ဘာမှ မက်လောက်စရာ မရှိကြပါဘူး ။

သံသရာမှာ အကုသိုလ်
ကံသတ္တိတွေဟာ ကမ္ဘာနဲ့ ချီပြီးတော့ ခံကြရတာပါ ။

နေရသမျှ အခိုက်တန့်လေးမှာ
တစ်ခဏ ချမ်းသာဖို့ အရေးအတွက်သံသရာရဲ့ဒုက္ခများစွာနဲ့ မလဲမိအောင်အထူးဂရုစိုက်ပြီး နေထိုင်ဖို့ လိုပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ်ဒန်တနန်ဒမာလာဘိဝံသ 
🙏🙏🙏                            
#မူရင်းcrd

No comments:

Post a Comment