စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 20, 2022

ဒေါသကို ” ငါ ” လို့အထင်မှားမှု

ဒေါသကို ' ငါ ' လို့ အထင်မှားမှု 
🌺🌺🌿🌺🌺🌿🌺🌺🌿🌺🌺

  ဘုရားဟောထဲမှာရှိတယ်။ ဒေါသဖြစ်နေတယ်လို့ ပြန်သိရင် စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများပြီးဖြစ်တယ်။ 
အဲဒီတော့ ဒေါသကို ပယ်ဖို့ရာ အကောင်းဆုံးနည်းဟာ 
အဲဒီဒေါသဖြစ်တာကို သိဖို့ပါပဲ။ ကြည့်ပါများလို့ရှိရင် အဲဒီ
ဒေါသစိတ်ကို ကြည့်ရင်းနဲ့ ပထမအစမှာတော့ ငါဒေါသ
ဖြစ်တယ်လို့ ဒီလိုထင်တာကိုး။ သတိပိုကောင်းလာတဲ့အခါ၊ 
သမာဓိပိုကောင်းလာတဲ့အခါ ဒေါသစိတ်ကို တည့်တည့်ကြီး 
ကြည့်သွားလို့ရပြီဆိုရင် အဲဒီဒေါသစိတ်ဟာ ငါ မဟုတ်ဘူး
ဆိုတာ ထင်ရှားလာတယ်။ သိပ်သိသာတယ်။

#ဒေါသစိတ်သည် ဒေါသစိတ်ပဲ။ ငါ မဟုတ်ဘူး။
  အဲဒီလို ဒေါသကို ' ငါ ' မဟုတ်ဘူးလို့ မြင်နိူင်ပြီဆိုရင်
  အဲဒီဒေါသကို ပယ်ဖို့ရာ ပိုပြီးတော့ လွယ်သွားတယ်။
  လွတ်မြောက်ဖို့ရာလည်း လွယ်သွားတယ်။

  ဘယ်လိုကိလေသာမျိုးပဲဖြစ်ဖြစ် ' ငါ ' ဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့
တွဲမိပြီဆိုရင် သူ့ကိုပယ်ရခက်တယ်။ အဲဒီတော့ အဲဒီဒေါသ
စိတ်ကို ကြည့်ပြီးတော့ ဒီဒေါသစိတ်ဟာ ဒေါသစိတ်ပဲ။ ငါ 
မဟုတ်ဘူး။ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး။ အကြောင်းရှိလို့ 
ဖြစ်လာတဲ့ မကျေနပ်တဲ့ မနှစ်မျို့တဲ့ မနှစ်သက်တဲ့ ...
စိတ်ကလေးတစ်ခုပဲလို့ သေချာမြင်ပြီဆိုရင် ဒီလိုမြင်နေတာ
ကိုက သူ့ကိုပယ်သလို ဖြစ်သွားတာ။ ဘာကိုပယ်လိုက်လဲ
ဆိုတော့ " ငါ " ဆိုတဲ့ သက္ကာယကို ပယ်လိုက်တာ။

#ပထမအဆင့်မှာ ဒေါသကို ပယ်ဖို့ထက်
  ဒေါသကို " ငါ " လို့ထင်နေတဲ့ အထင်မှားမှုကို
  ပယ်ဖို့က ပိုအရေးကြီးတယ် . . . . . ။

🙏ဆရာတော်ဦးဇောတိက🙏

မေတ္တာဖြင့် ..
Ven Vannita .

No comments:

Post a Comment