🌺🌿🌺🌺🌺🌿🌺🌺🌺🌿
တရားပွဲတွေမှာ တရားနာပြီးတော့
စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာ နောင်အနာဂတ်မှာ
ဒါတွေဟာ အကျိုးပြုမှာပဲ၊ သေသေချာချာ အကျိုးပြုမှာပဲ။
ဒီအသိဉာဏ်တွေဟာ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။
ခေတ္တခဏ မေ့သွားတာတော့ ရှိကောင်းရှိမယ်ပေါ့။
သို့သော် လုံးဝပျောက်ကွယ်သွားတာမျိုး မဖြစ်ဘူး။ သူဟာ စွမ်းရည်သတ္တိအနေနဲ့ စုစည်းပြီးတော့ လူတွေရဲ့စိတ်အစဉ်မှာ ကိန်းဝပ်ပြီးတော့ သွားတယ်။ အဲဒါတွေရဲ့စွမ်းအားနဲ့ နောင်တစ်ချိန်ကျတော့ ပြန်ပြီးတော့ ပေါ်လာမှာ ဖြစ်တယ်။ အဲဒီပေါ်လာတဲ့အခါမှာ အလွယ်တကူ နားလည်မှု ရကြတယ်။
ဝိသာခါ (၇)နှစ်သမီး သောတာပန်ဖြစ်တယ်၊
တရားဓမ္မလည်း အများကြီး အားမထုတ်လိုက်ရဘူး။
ဘုရားတရားနာရုံနဲ့ သောတာပန် ဖြစ်တယ်ဆိုတာ
ဒီလို စွမ်းအားတွေ ရခဲ့တာပဲ ဖြစ်တယ်။
အဲဒီလို စွမ်းအားမရဘဲနဲ့တော့ သောတာပန်အချောင်ဖြစ်ဖို့ မလွယ်ဘူးနော်။ မဖြစ်နိူင်ဘူး။ ဒီလို ကြီးမားတဲ့ စိတ်စွမ်းအားတွေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတာ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏
No comments:
Post a Comment