စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 8, 2022

တရားရတနာ

တရား ရတနာ
×××××××

မြတ်စွာဘုးရား ဟောထားတဲ့ တရားဟာ
" တထူပမံ ဓမ္မဝရံ အဒေသယိ" 
အဲဒီလို ပြီးပြည့်စုံတဲ့ တရားကိုဟောတာ။

ဘာရည်ရွယ်ချက်နဲ့ ဟောတာတုန်းဆိုရင်
အဲဒီပြီးပြည့်စုံတဲ့တရားဟာ သတ္တဝါတွေ
အတွက် နိဗ္ဗာန် ထိအောင် ပို့ဆောင်ပေးမဲ့
တရားချည်းပဲ။ 

ဘုရားဟောတဲ့ တရားဟာ
ဘယ်တရားပဲဖြစ်ဖြစ် သတ္တဝါတွေ
နိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်တဲ့ 
တရားတွေချည်းပဲ။

ဓမ္မစကြာတရားဟောလည်း 
နိဗ္ဗာန်ထိအောင်ပို့ဆောင် ပေးနိုင်တာပဲ။ 
အနတ္တလက္ခဏသုတ်ဟောတော့လည်း 
နိဗ္ဗာန်ထိအောင် ပို့ဆောင်
ပေးနိုင်တာပဲ။ 

အဲဒီလို ဟောတာဟာ 
ဘာအတွက် ဟောတာလည်းဆို လို့ရှိရင် 
မြတ်စွာဘုရားက " ပရမံဟိတာယ "
" ပရမ ဟိတ" ဆိုတာ လူ့လောကမှာ 
အကောင်းဆုံးအကျိုး စီးပွားပဲ။

အဲဒါ ဘာလဲဆိုရင် 
မအိုရဘူး မနာရဘူး မသရေဘူး
အိုခြင်းနာခြင်း ၊ သေခြင်းကနေ
လွတ်ကင်းသွားတဲ့ နိဗ္ဗာန်ဟာ 
" ပရမ ဟိတ" ပေါ့။ 
လောက လူတွေဟာ နိဗ္ဗာန်မရမချင်း
ကောင်းကျိုးချမ်းသာ ပြည့်ပြည့်ဝဝ
ရကြမှာ မဟုတ်ဘူး။

နိဗ္ဗာန်ရမှ ကောင်းကျိုးချမ်းသာတွေ
ပြည့်ပြည့်ဝဝ ရကြမှာ။
အေး နိဗ္ဗာန်ရောက်ကြောင်းကို
မြတ်စွာဘုရားက ပြည့်ပြည့်ဝဝ
စုံစုံလင်လင် ဟောထားတာဟာ
အလွန်ကြည်နူးဖွယ် ကောင်းလှတယ်လို့
အဲဒီလို တရားမျိုးကို ဟောတတ်တဲ့ 
မြတ်စွာဘုရားဟာ
အလွန်ကို နှစ်သက်စရာကောင်းပါတယ်။

ရတနာတွေထဲမှာ နှစ်သက်စရာ 
အကောင်းဆုံး ရတနာဖြစ်တယ်။

#ရတနသုတ်အနှစ်ချုပ်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment