စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 28, 2022

ဂန္ဓဗ္ဗနတ် နှင့် အသူရာနတ်

ဂန္ဓဗ္ဗနတ် နှင့် အသူရာနတ်
🌸🌸🌸🌸🌸🌸🌸🌸🌸
မွှေးကြိုင်သော နံသာပင်တို့၌ တွယ်ကပ်၍နေသော နတ်ကို ဂန္ဓဗ္ဗနတ်ဟုခေါ်သည် ။သစ်ပင်အတွင်း ၊သစ်ခေါင်းအတွင်းနေသော သစ်ဘီလူးခေါ် ဂန္ဓဗ္ဗနတ်တို့ကမူ သစ်တုံးဆွေးမြေ့ပျက်စီးသည်အထိနေကြသည် ။ အိမ်ဆောက်တဲ့ အခါ သစ်ခြောက်ပါသည်ဆိုသည်မှာ ဤနတ်မျိုး ကပ်ပါလာခြင်းကိုဆိုလိုသည် ။ဗေဒင်ဆေးကျမ်းများ ၊မှော်ကျမ်းများတွင် ဇောဂနီနတ်ဟူ၍လည်းခေါ်သည် ။ ညအခါ မိမိတို့တန်ခိုးဖြင့်တောက်ပသည့် အလင်းထွက်လေ့ရှိသဖြင့် ပါဠိလို ဇုဏှမှဇုဏ်း =စုန်းဟုခေါ်လာသည် ။ဂန္ဓဗ္ဗတည်ရာ မိန်းမကို စုန်းမ ဟုခေါ်သည်။ ထို စုန်းမသည် မိမိကိုယ်တွင်းကိန်းအောင်းနေသာဂန္ဓဗ္ဗနတ်၏အစွမ်းဖြင့် အခြားသူကိုနှိပ်စက်ဖမ်းစားခြင်းအမှု့ပြု၏ ။ပဋိသန္ဓေ တည်သည်မှစ၍ ထိုဂန္ဓဗ္ဗနတ်ထပ်ကြပ်ပါလာသော မိန်းမကို ၀မ်းတွင်းစုန်းဟုခေါ်သည် ။ဗူးရှိသည်၊ဗူးသွင်းသည်ဟုပြော၏ ။ ထိုဂန္ဓဗ္ဗနတ်မျိုးမှာ အမျိုးအစား (၁၀) မျိုးရှိကြောင်း မဇ္စျပဏ္ဏသ အဋ္ဌကထာ၌ ဟောထားသည် ။

အသူရာနတ် ဟူသည်မှာ
တစ်ခါတစ်ရံ နတ်ကဲ့သို့ စည်းစိမ်ခံစားရ၍ တစ်ခါတစ်ရံဆင်းရဲခံစားရသော ဝေမာနိက ပြိတ္တာ အသူရကယ်နတ်ငယ်များဖြစ်ကြသည် ။ မိမိတို့ တန်ခိုးက္ကဒ္ဓိပါတ်မရှိသဖြင့် ဘုံဗိမ္မာန် သီးသန့်မရှိ၊တော ၊ခြုံ ၊ သုသာန်ဇရပ် ၊ အိမ် ၊ကျောင်းဂူတို့ ၌ ကပ်နေရသည် ။လူတို့ စွန့်ပစ်ထားသော အစာကို စားရသည် လည်းရှိသည် ။မရလျှင် ရတနာသုံးပါး မမြဲသောလူများကို ၀င်ရောက်ပူးကပ် ခြောက်လှန့်၍စားသည် ။ ရတနာသုံးပါး မြဲသူများကို ကြောက်ကြ၏။ ။

Credit...

No comments:

Post a Comment