စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ခန္ဓာအကြား မြစ်ကြီးခြား

“ခန္ဓာအကြား မြစ်ကြီးခြား”
••••••••••••••••••••••••
မြစ်ချောင်းတစ်ခုမှာ...
ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို မဖြစ်မနေ သွားကြရတော့မယ်ဆိုပါတော့။
တံတားကလဲ ရှိတော့ရှိတယ် ။ ခိုင်ခိုင်မာမာက မဟုတ်။အဆွေးအမြေ့။
လူတစ်ယောက်တောင် ကောင်းကောင်း မလျှောက်လောက်ဘူး။
လက်ကိုင်စရာ ကလည်း မပါ။
အဲလိုဆိုတော့ တံတားပေါ်က ဖြတ်လျှောက်လိုက်တာနဲ့ 
အောက်ကိုပြုတ်ကျမှာ သေချာတယ်။

အဲလိုပါပဲ...ဒီဘဝကနေ နောက်ဘဝကို ကူးကြတဲ့အခါ“သီလ” ဆိုတဲ့ တံတားကလဲ ခိုင်ခိုင်မာမာမဟုတ်။အဆွေးအမြေ့၊ တေ့ကာလေး။
“သမာဓိ” လက်ကိုင်စရာကလည်း မပါ။
အဲဒီလိုဆိုရင်တော့. . .
ဘဝကူးတဲ့အခါ အောက်ကိုပြုတ်ကျမှာ သေချာတယ်ဗျ။

ယောဆရာတော်ဘုရားကြီး🙏🙏🙏
credit..

No comments:

Post a Comment