စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဧဟိဘိက္ခုရဟန်းတော်ပေါင်း (၂၈၆၄၇)- ပါး

ဧဟိဘိက္ခုရဟန်းတော်ပေါင်း (၂၈၆၄၇)- ပါး
🌺💅💐💐🌺🌻🌻💐 

မြတ်စွာဘုရားလက်ထက်တော်၌ 
ဧဟိဘိက္ခုရဟန်းအဖြစ်ရယူသွားကြသော ရဟန်းတော်များ အရေအတွက် သရုပ်ကား -

ဝိနည်း ပိဋကတော်၌ ပဉ္စဝဂ္ဂီငါးပါး၊ 
ယသသတို့သားနှင့်အပေါင်းအဖေါ်များ၊ ပေါင်း ၅၅-ပါး၊ 
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်၊ 
ရသေ့ (ရှင်) ၁၀၀၀၊ 
အဂ္ဂသာဝက ၂-ပါးနှင့် ပရိဗိုဇ်များ၊ ပေါင်း ၂၅၀။ 
အင်္ဂုလိမာလ ၁-ပါး၊ ပေါင်း ၁၃၄၄-ပါး၊ 
သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား သေလပုဏ္ဏားနှင့် အဖေါ် ၃၀၀၊ 
မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊ 
ကပိလဝတ်ပြည်သား ၁၀၀၀၀၊ 
ပါရာယနိက ပုဏ္ဏားနှင့် အဖေါ် ၁၆၀၀၀၊ ပေါင်း ၂၇၃၀၃ဖြစ်၍ 
၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။

မှတ်ချက်။ ။ ဤကား ဝိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ ယူပြခြင်းသာဖြစ်၍ထို့ထက်အလွန်လည်း များစွာပင်ရှိတန်ရာသေးသည်ဟု မှတ်ယူရမည်။

Creadit..

No comments:

Post a Comment