အပြစ်အကြီးဆုံး ခိုးမှု
🌺🌺🌺🌺🌺🌺🌺🌺
(ကြောက်စရာမြေခိုးခြင်း)
ခိုးခြင်း မျိုးစုံထဲမှာ မြေခိုးတာဟာ
အပြစ်အကြီးဆုံးပါပဲ ။ ဘာကြောင့်လဲဆိုတော့ အပေါ်ယံကြည့်ရင်သာ နှစ်ပေသုံးပေမို့ မများဘူး ထင်ရပေမယ့်
အောက်အဝီစိရောက်အောင် တိုင်းကြည့်လိုက်ရင်ဘယ်နည်းမှာလဲ ။
ဒါကြောင့် မြေခိုးတဲ့အပြစ်ဟာ အကြီးဆုံးလို့ ပြောတာ ။
အကုသိုလ် လုပ်တိုင်းလုပ်တိုင်း
ဇော ( ၇ ) ချက်စောတယ် ။ ဇောဆိုတာ စေတနာပါပဲ ။ ကောင်းတဲ့စေတနာက ကောင်းကျိုးပေးသလို မကောင်းတဲ့စေတနာက မကောင်းကျိုးပေးတယ် ။
ခိုးတာဆိုရင် အကုသိုလ်စေတနာဇောပေါ့ ။
ဒီဇော ( ၇ ) ချက်ထဲက ပထမဇောက ဒီဘဝမှာ မကောင်းကျိုး ပေးတယ် ။သတ္တမဇောက ဒုတိယဘဝမှာ မကောင်းကျိုး ပေးတယ် ။
ဒီဇောနှစ်မျိုးက အား မကောင်းရင် ဒီဘဝအကျိုး မပေးနိုင်ပဲ နောက်ဘဝမှ ဆိုးကျိုးများ ပေး တာလည်း ရှိတယ် ။
ဒါ့ကြောင့် မကောင်းတာ လုပ်ပြီး ချမ်းသာသူတစ်ချို့ ရှိသလို ကောင်းတာလုပ်နေတဲ့ ကြားထဲက ဆင်းရဲဒုက္ခ ရောက်နေသူတွေလဲ ရှိတာပါ ။မကောင်းတာလုပ်ပြီး ကြီးပွားနေတာ ကို တွေ့ရရင် အကုသိုလ်ကို အထင် မကြီးလိုက်ပါနဲ့ ။ အကုသိုလ် မှန်သမျှဟာမကောင်းကျိုးပဲ ပေးပါတယ် ။ဘယ်တော့မှ ကောင်းကျိုးကို မပေးပါဘူး ။
အခုကောင်းကျိုး ခံစားနေရတယ်ဆိုတာ တစ်ခြားဘဝက ပြုခဲ့တဲ့ကုသိုလ်က အရင် အကျိုးပေးနေတာပါ ။ အကုသိုလ်ကံက သူ့အလှည့်ကို စောင့်တုန်းပါ ။ အကုသိုလ်ကံက သူ့အလှည့် ကျလာပြီဆိုရင်တော့ မကောင်းကျိုးကိုသာ ပေးမှာပါ ။
ကောင်းတာလုပ်ပြီး ဆင်းရဲနေတာကို တွေ့ရရင် ကုသိုလ်ကို အထင်မသေးလိုက်ပါနဲ့ ။ကုသိုလ်မှန်သမျှဟာ ကောင်းကျိုးပဲ ပေးပါတယ် ။
ဘယ်တော့မှ မကောင်းကျိုးကို မပေးပါဘူး ။အခုဆင်းရဲပြီး မကောင်းကျိုး ခံစားနေရတာက တစ်ခြားဘဝက ပြုခဲ့တဲ့အကုသိုလ်ကံက အရင်လာပြီးအကျိုးပေးနေတာပါ ။ ကုသိုလ်ကံက သူ့အလှည့်ကိုစောင့်နေတုန်းပါ ။
ကုသိုလ် ကံက သူ့အလှည့်ကျလာ ပြီဆိုရင်တော့ ကောင်းကျိုးကိုသာ ပေးမှာပါ ။
အခုနောက်ပိုင်း လူတော်တော်များများမှာ တွေ့လာရတတ်ပါတယ် ။
အချို့သောလူတွေရဲ့ လောဘစိတ်တွေက
အတောမသတ်နိုင်ကြပါ နေရာတိုင်းကြုံဖူးပါတယ်။ လူမရှိတဲ့ အိမ် တွေ အသွားအလာနည်းတဲ့ လမ်းတွေကို
မသိမသာကနေ သိသိသာသာလေး ခြံစည်းရိုးတွေ တိုးလာကြတယ်။
ကြာလာတေ့ာ
သူတို့မြေအဖြစ် တဖြေးဖြေး ဝါးမျိုလာကြတယ်။
ခိုးလိုက်တဲ့ မြေက တကယ်ဆို ဘာမှ မများပါဘူး။
နေလဲ မဖြစ်ပါဘူး။
လောဘစိက်ကြောင့် တစ်ထွာ တစ်တောင် တစ်လန် ဒါလောက်ရကြတယ် ဒါတွေကို သူတို့တွေက အကျေနပ်ကြီး ကျေနပ်နေကြတယ်။
မြေကြီးခိုးတဲ့သူဟာ သေလွန်သွားပြီး နောက်မှာ
ပြိတ္တာ ဘဝနဲ့ သူ လူ ဘဝတုန်းက ခိုးထားခဲ့တဲ့ မြေကြီးကိုအမြဲထမ်းပိုး ထားရတယ်လို့
စာပေမှာ ဖတ်ဖူးတယ်။
ဒါအပြင် သူဟာ စားစရာမရှိတဲ့အတွက် မြေကြီးကိုသာစားရတယ် ။
ကိုယ်က မြေခိုးခဲ့တေ့ာ သံသရာမှာ ခံရတယ်။
ကောင်းစားတော့ ကျန်နေခဲ့တဲ့သူတွေပါ။
ဒါကြောင့် မိသားစု ကောင်းစားဖို့ အတွက်နဲ့ အကုသိုလ်နဲ့ မလုပ်ပေးပါနဲ့။ မရှာပေးပါနဲ့။မကျူးလွန်ပါနဲ့။ပြန်ခံစားရတာ မတန်လို့ပါ။ရေစက်ချ အမျှဝေတာတောင်ဝဋ်ကြွေး မကုန်မချင်း ဆပ်နေရမယ့်ဝဋ်ကြွေး ပါပဲ။ဆင်ခြင်နိုင်ကြပါစေ။
Credit_to_Original_Writer✍️👸
No comments:
Post a Comment