စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

အရူပဗြဟ္မာ(၄)ဘုံတို့၏သက်တမ်းများ

အရူပဗြဟ္မာ(၄)ဘုံတို့၏သက်တမ်းများ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

၁/အာကာသာနဉ္စာယတနဗြဟ္မာများသည် မဟာကပ် နှစ်သောင်းခေါ် ကမ္ဘာပေါင်း နှစ်သောင်းအထိသက်တမ်းရှည်ကြာ၏။

၂/ဝိညာဏဉ္စာယတနဗြဟ္မာများသည် မဟာကပ် လေးသောင်းခေါ် ကမ္ဘာပေါင်း လေးသောင်းအထိသက်တမ်းရှည်ကြာ၏။

၃/အာကိဉ္စညာယတနဗြဟ္မာများသည် မဟာကပ်ခြောက်သောင်းခေါ် ကမ္ဘာပေါင်း ခြောက်သောင်းထိ သက်တမ်းရှည်ကြာ၏။

၄/နေ၀သညာနာသညာယတနဗြဟ္မာများသည် မဟာကပ် ရှစ်သောင်းလေးထောင် ခေါ် ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်အထိ သက်တမ်းရှည်ကြာ၏။
___________________

၁/အာကာသာနဉ္စာယတနအရူပစျာန်ကိုရသည်အထိ သမထဘာ၀နာ အားထုတ်ခဲ့လျှင် အာကာသာနဉ္စာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

၂/ဝိညာနဉ္စာယတနအရူပစျာန်ကိုရသည်အထိ သမထဘာ၀နာ အားထုတ်ခဲ့လျှင် ဝိညာဏဉ္စာ-ယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

၃/အာကိဉ္စညာယတနအရူပစျာန်ကိုရသည်အထိသမထဘာ၀နာ အားထုတ်ခဲ့လျှင် အာကိဉ္စညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

၄/နေ၀သညာနာသညာယတနအရူပစျာန်ကိုရသည်အထိ သမထဘာ၀နာ အားထုတ်ခဲ့လျှင် နေ၀သညာနာသညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

    ༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

မူရင်းရေးသားသူကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment