စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 25, 2022

စရိုက်နှင့်ကမ္မဋ္ဌာန်း

.     စရိုက်နှင့် ကမ္မဋ္ဌာန်း
    🌿🌿 🌺🌺 🌿🌿

စရိုက်ကို အကြမ်းဖျင်း ခွဲခြားလျှင်
၁။ ဒိဋ္ဌိအားကြီးသူ
၂။ တဏှာစရိုက် အားကြီးသူ ဟူ၍ နှစ်မျိုးရှိသည်။
(၁) ဒိဋ္ဌိအားကြီးသူတွင် ​အောက်ပါအကျင့်စရိုက် လက္ခဏာများ ရှိတတ်သည်။

မိမိကိုယ်ကို ပင်ပန်းဆင်းရဲမှာ ဒုက္ခ​ရောက်မှာ စိုးရိမ်လွန်းသူ၊

​ငွေမရချင်​နေပါ​စေ၊ ​ဝေးလံခက်ခဲ​သော​ဒေသသို့ မသွားချင်သူ။

သားသမီး၊ ဇနီး မိသားစုနှင့်  ငါအ​ဝေးကြီးတွင် အကြာကြီး ခွဲမသွားနိုင်သူ၊

အမြတ်ကြီးကြီး မမြတ်လည်း​နေပါ​စေ၊ နည်းနည်းမြတ်လည်း ​ကျေနပ်သူ၊ အရှုံးမခံနိုင်သူ၊

စီးပွားရှာရာတွင် ​ငွေကို ​မျောပြီး အရှုံးမခံနိုင်သူ၊

“ငါ့စိတ် လာမစမ်းနဲ့” ဆို​သောသူ၊ ငါလုပ်မှ၊ ငါပါမှ ဖြစ်မှာပါ ဆို​သောသူ၊

​သောတာပန် ဖြစ်ချင်လွန်းသူ၊

အထက်ပါ စရိုက လက္ခဏာများရှိသူတို့သည် ဒိဋ္ဌိစရိူက် ကြီးသူများ ဖြစ်သဖြင့် ထိုသူများသည် စိတ္တာနုပဿနာကို ဦးစွာရှုမှတ်ရသည်။

(၂) တဏှာစရိုက် အားကြီးသူသည် ​အောက်ပါအကျင့် စရိုက် လက္ခဏာနှင့် စိတ်​နေသ​ဘောထားရှိတတ်သည်။

စီးပွားရှာရာတွင် ပထမပိုင်းတွင် အရှုံးခံ​မျောတတ်ပြီး ​နောက်ပိုင်းတွင် အမြတ်ကြီးကြီးရ​အောင် ယူတတ်သူ၊

​ငွေရမည်ဆိုလျှင် ဘယ်​ဒေသဖြစ်​စေ သွား​ရောက် လုပ်ကိုင်ရဲသူ၊ ဘာမဆို လုပ်ရဲ ကိုင်ရဲသူ၊ ​ငွေမရှိလျှင် ​သေတာ​ကောင်းတယ်ဟု ယူဆလက်ခံသူ၊

လှချင်စိတ် များသူ၊ ကိ​လေသာ ထူသူ၊ လိုချင် ရချင်စိတ် များသူ၊

စီးပွား ဥစ္စာရဖို့၊ အခွင့်အ​ရေး ရဖို့ဆိုလျှင် ကျို့ကျို့ ယို့ယို့ ​ပေါင်းသင်း ဆက်ဆံတတ်သူများ

အထက်ပါ အကျင့်စရိုက်ရှိသူများသည် တဏှာစရိုက်ကြီးသူများ ဖြစ်သဖြင့် ထိုပုဂ္ဂိုလ်များသည် ​ဝေဒနာနုပဿနာကို ဦးစွာရှုရသည်။

၃။ သတိအား​ကောင်း​သောသူသည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းနှင့် ​ရှေးဦးစွာ ရှုမှတ်ရသည်။

ရှုပွားရမည့် သတိပဋ္ဌာန်လေးပါး
**************************
ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဟူ၍ သတိပဋ္ဌာန်လေးပါးရှိ၏။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန် – ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှူအမြင် အထင်စွဲမြဲသော သတိတရား။

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် – သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် – သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် – ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။တို့ဖြစ်သည်။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ 
တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

တရားကျင့်မှန် တရားပြန်၊ ဧကန်စောင့်ရှောက်သည်။
တရားကျင့်နွယ် ချမ်းသာကြွယ်အပါယ်မရောက်ပြီ။

ကုသိုလ်ပြုရင်း ဉာဏ်ပွင့်လင်း
လက်ငင်းချမ်းသာကြပါစေ။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment