🌺🌺🌺🌺🌺🌺
(၁) "တဖုဿ ဘလ’ိက" ကုန်သည် ညီနောင်-
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်၊
၎င်းင်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ
ဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊
သို့သော် သံဃာမရှိသေးရကား "ဒွေဝါစိက သရဏဂုံ"သာ ရသည်။
(၂) အနာထပိဏ် သူဌေးကြီး-
အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်။
(၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။
၎င်းင်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌အထူးလိမ္မာလျက်
နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော
"စိတ္တသံယုတ်"ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
(၄) ဟတ္ထာဠာဝက- "သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍
ပရိတ်သတ်အား မိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌" ဘွဲ့တံဆိပ်တော်ရလေသည်။
(၅) မဟာနံ သာကီဝင်မင်း-
အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌
'အဂ္ဂ ပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်။
(၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်-
နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌
'အဂ္ဂ မနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်။
(၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်-
သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်။
(၈) သူရပန်- မတုန်မလှုပ် ကြည်ညိုရာ၌
'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။
(၉) ဆရာဇီဝက-
ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊
သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို
ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့်
'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်ဟူ၏။
(၁၀) နကုလပိတာ သူကြွယ်-
ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်၊
သူသည် ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင်
"ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ ကြွနေသနည်း"ဟု
အကျွမ်းတဝင်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား
ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊
ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ဝရီးအဖြစ် အကြိမ်ငါးရာ
ဘဝမခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား
"ချစ်သား ချစ်သား"နှင့် ခေါ်လေ့ရှိသတတ်၊
ထို့ကြောင့် 'ဝိဿာသက'ဘွဲ့တံဆိပ်ရလေသည် ဟူ၏။
Creadit..
No comments:
Post a Comment