သံဃိကပစ္စည်းကြောင့်ပြိတ္တာဖြစ်မှု
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကဿပဘုရားရှင် လက်ထက်တော်အခါက
ရဟန်းတစ်ပါးဟာ သီလကိုဖြူစင်အောင်
ဖြည့်ကျင့်ခဲ့ပေမဲ့ သံဃိက ဆီကို
သံဃာကိုမပန်ကြားပဲ လိမ်းကျံခဲ့တဲ့အတွက်
သေတဲ့အခါ ငရဲ၌ကျခံရပြီးမှ ငရဲက
လွတ်ပြန်တော့ဂယာရွာအနီး
အညစ်အကြေးစွန့်ရာအရပ်မှာ
ခရလောမဘီလူးဆိုပြီး လာဖြစ်ရတယ်။
ထို့အတူပဲ ကဿပဘုရားရှင်လက်ထက်က
ဒကာတစ်ယောက်ဟာ လယ်ထွန်နေရာကနေ
တရားပွဲနောက်ကျမှာစိုးလို့ ရေမချိုးတော့ပဲ
တရားနာလာရာမှာ သံဃိကအခင်းတွေပေါ်
ကိုယ်ပိုင်အခင်းမခင်းပဲချွေးတွေသံတွေနဲ့
အိပ်မိလို့ ငရဲကျရပြီး ငရဲမှလွတ်ပြန်တော့
ဂယာရွာအနီးမှာပဲ သုစိလောမအမည်ရ
ဘီလူးဖြစ်ခဲ့ရပြန်တယ်။
သံဃိကပစ္စည်းဆိုတာ အသုံးမတတ်ရင်
အလွန်ကြောက်စရာကောင်းတယ်။
မသိလို့ဆိုပြီးလည်း အပြစ်မလွတ်။
ကဿပဘုရားရှင်လက်ထက်က
ကျီးတစ်ကောင်ဟာလည်း
သံဃာကို ရည်စူးထားတဲ့
မလှူရသေးတဲ့ဆွမ်းကိုတောင်
သုံးလုပၥာ ထိုးသုတၥားဖူးလို့
အဝီစိငရဲလည်းကျရပြီး
လွတ်လာပြန်တော့လည်း
ကျီးပြိတ္တာကြီးဖြစ်ရပြန်သေးတယ်။
သံဃိကပစ္စည်းဆိုတာက သူခိုး
ခိုးသွားဦးတောင် သံဃိကပစ္စည်းက
ပုဂ္ဂလိကဖြစ်မသွား။
မည်သူ့လက်ထဲရောက်ရောက်
သံဃိကဟာ သံဃိကပါပဲ။
ထိုပစ္စည်းအလွဲသုံးစားလုပ်နေသမျှ
သံဃိကပစ္စည်းကို
အလွဲသုံးစားလုပ်နေတာပင်။
သူခိုးဆီက သံဃပစ္စည်းဝယ်မိသူများ
သတိထားဖွယ် ဖြစ်၏
သံဃိက ကို ပုဂ္ဂလိက
လုပ်နေသူတွေ ပို၍ သတိထားကြပါ
_______________________
ပြိတ္တာတို့အကျိုးရှိစေသော အလှူအင်္ဂါ ၃ ပါး
၁။ အတ္တနော အနုမောဒနေန- ပြိတ္တာတို့ ဝမ်းမြောက် ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုရခြင်း၊
၂။ ဒါယကာနံ ဥဒ္ဒိသေန- အလှူရှင်တို့က ထိုပြိတ္တာ များကို ရည်မှန်း၍ လှူဒါန်းရခြင်း၊
၃။ ဒက္ခိဏေယျသမ္ပဒါယ- အလှူခံပုဂ္ဂိုလ်၏ ဂုဏ်နှင့် ပြည့်စုံရခြင်း။
(ခုဒ္ဒက၊ဋ္ဌ။၁၇၆။) (ပေတ၊ဋ္ဌ။၂၅။)
----------------
ဝေသာလီပြည်အနီးရှိ ပြိတ္တာ ၇ မျိုး
၁။ နှောင်ဖွဲ့ခြင်း ငါးမျိုးဖြင့် နှောင်ဖွဲ့ခံနေရသော ပြိတ္တာ၊
၂။ ခံတွင်းသို့ သံရေပူ လောင်းထည့်ခံနေရသော ပြိတ္တာ၊
၃။ မီးကျီးခဲတောင်သို့ တက်နေသော ပြိတ္တာ၊
၄။ လောဟကုမ္ဘီငရဲသို့ ထည့်သွင်း ပစ်ချခံနေရသော ပြိတ္တာ၊
၅။ သန်လျက်တောထဲသို့ ပြေးဝင်နေရသော ပြိတ္တာ၊
၆။ ကြိမ်ပိုက်ချောင်းငရဲသို့ သက်ဆင်းနေရသော ပြိတ္တာ၊
၇။ အဝီစိ ငရဲသို့ ထည့်သွင်း ပစ်ချခံနေရသော ပြိတ္တာ။
(ပေတ၊ဋ္ဌ။၂ဝ၅။)
Credit_to_Original_Writer✍️
No comments:
Post a Comment