စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 25, 2022

စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း

စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း
===================
တရားထိုင်တဲ့အခါ
စိတ်ဟာ ထားတဲ့အာရုံမှာ မနေပဲ 
ပျံ့လွင့် ပြေးလွှားနေတတ်တဲ့သဘော
ရှိပါတယ်။ ‌

စိတ်အပြင်ထွက်တိုင်း ‌သတိလေးနဲ့
ပြန်ပြန်ထိန်းနေရင်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ကလေးတည်ငြိမ်မှ ‌
သမာဓိဖြစ်ပြီး, သမာဓိဖြစ်မှ
မိမိခန္ဓာရဲ့ဖြစ်ပျက်တွေကို မြင်နိုင်ပါတယ်။ ‌ ‌

စိတ်အပြင်မထွက်အောင်
စောင့်ရှောက်တဲ့နည်းလေးကို
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီးက 
ဆီခွက် ဥပမာလေး ‌ပေးပြီး 
ရှင်းပြထားပါတယ်။ ‌ ‌ ‌

သေမိန့်ကျထားတဲ့
ရာဇဝတ်သားတစ်ယောက်ကို ‌
ရှင်ဘုရင်က အခွင့်အရေးတစ်ခု
ပေးထားပါတယ်။ ‌

တပိဿာဆီအပြည့်ရှိတဲ့ ဆီခွက်ကိုကိုင်ပြီး ‌
ရာဇဝတ်သားကို ရှေ့က သွားခိုင်းပါတယ်။ ‌ ‌
လူသတ်သမားငါးယောက်ကိုလည်း
နောက်ကနေဓားထမ်းပြီး လိုက်ခိုင်းပါတယ်။ ‌

ဆီတစ်စက်ဖိတ်ရင် ဖိတ်တဲ့နေရာမှာ
သတ်စေလို့ အမိန့်ပေးလိုက်တယ်။ ‌ ‌

နောက်ပြီး 
အလွန်နာမည်ကြီးပြီး ‌စည်ကားလှတဲ့
လူတွေ ‌ကြိတ်ကြိတ်တိုးနေတဲ့
ဇာတ်ပွဲတစ်ခုကို ဖြတ်သွားရမယ်။ ‌ ‌

ဇတ်ပွဲကိုလွန်ပြီးရင်
လူစည်ကားပြီး မူးရမ်းဆိုးသွမ်းနေကြတဲ့
အရက်ဆိုင်ထဲက ဖြတ်သွားရမယ်လို့
အမိန့်ချပါတယ်။ ‌ ‌

ဒီကပွဲသဘင်နဲ့ အရက်ဆိုင်လွန်လို့မှ 
ဆီမဖိတ်ရင် ‌သေမိန့်မှလွတ်စေလို့လည်း ‌
အမှာစကား ရှိထားပါတယ်။ ‌ ‌

မိမိတို့လည်း ‌ဇာတိတစ်ခု ရလာပြီးကထဲက
သေမိန့်က ကျခဲ့ပြီးသားပါ။
ခန္ဓာငါးပါးလို့ခေါ်တဲ့ လူသတ်သမား ‌
ငါးယောက်ကလည်း ပါလာပြီးသား။ ‌ ‌
စိတ်ဆိုတဲ့ဆီခွက်ကို ‌ဘယ်လိုထိန်းမလဲ။

မိမိတို့ တရားထိုင်တဲ့အချိန်မှာ ‌
လူသတ်သမားငါးယောက်နဲ့
တိုက်ပွဲဝင်နေတယ်လို့ သဘောထားပါ။ ‌ ‌

မိမိတို့ဖြတ်သန်းရမဲ့ ဇတ်သဘင်ပွဲနဲ့ 
အရက်ဆိုင်ဆိုတာ သုခနဲ့ ဒုက္ခဆိုတဲ့
မျောလမ်းနဲ့ မြှုတ်လမ်းပါ။

မိမိစိတ်ဆိုတဲ့ ဆီခွက်ကို ‌
ဝင်လေ ထွက်လေလေးကို ‌
သတိပညာနဲ့ ‌မှန်မှန်ရှုရင်း 
မနောမှာ ထားပါ။

ဝင်လေနဲ့ ထွက်လေရှုနေရင်း ‌
မတော်တစ်ဆ ပျံ့လွင့်သွားရင် ‌
ဆီခွက်ကို မြန်မြန်ပြန်တည့်သလို ‌
ပျံ့လွင့်တဲ့စိတ်ကလေးကို ‌သတိနဲ့ပြန်ထိန်းပါ။ ‌ ‌

ရာဇဝတ်သားဟာ ‌ဆီခွက်မဖိတ်စင်ဖို့အတွက် ‌
ဘယ်လောက်ပဲ သာယာတက်မက်ဖွယ်ဖြစ်တဲ့ 
ကိလေသာအာရုံတွေကိုလည်း ဂရုမစိုက်ပါ
ဘူး။ ဆီခွက်အပေါ်မှာသာ သတိထားပြီး ‌
ထိန်းထားပါတယ်။ ‌ ‌

ရာဇဝတ်သားဟာ ‌ဆိုးသွမ်းမူးရမ်းနေကြတဲ့
အရက်ဆိုင်ထဲက ဖြတ်သွားပေမဲ့
မိမိအပေါ်ကျရောက်လာမဲ့ 
အန္တရယ်တွေကိုလည်း ဂရုမစိုက်ပါဘူး။ ‌
ဆီခွက်မဖိတ်စင်ဖို့ကိုသာ အဓိကထားပြီး ‌
သတိနဲ့စောင့်ရှောက်သလို....

မိမိတို့လည်း ‌စိတ်ဆိုတဲ့ဆီခွက်ကလေး ‌
မဖိတ်စင်ဖို့ သတိလေးဉာဏ်လေးနဲ့ ထိန်းပြီး 
ဝင်လေနဲ့ထွက်လေကြားမှာ ဘောင်ခတ်ထား
ပါ။ တွေးစိတ်ကြံစိတ်တွေ ဝင်လာတာနဲ့
ဆီခွက်စောင်းပြီဆိုပြီး ပြန်တည့်ပါ။ ‌ ‌

သုခနဲ့ဒုက္ခ လမ်းနှစ်ခု၊ အလယ်ကသွားရင်
မဂ္ဂင်လမ်းမပေါ်ကတစ်ဆင့် ‌
အသေလွတ်တဲ့နေရာကို ‌ရောက်ပါလိမ့်မယ်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဝိပဿနာ အခြေခံအလုပ်ပေးတရားများမှ ဓမ္မဒါနပြုပါသည်။

Credit..

No comments:

Post a Comment