စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

နတ်ဘုံ ဗြဟ္မာ့ဘုံ အကွာအဝေး

နတ်ဘုံ ဗြဟ္မာ့ဘုံ အကွာအဝေး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

(၁)လူဘုံ၏ အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင် ပထမနတ်ပြည့် ဖြစ်သော
စတုမဟာရာဇ်နတ်ပြည် တည်ရှိသည်။ 

(၂)ထို့အထက်တွင် အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင် ဒုတိယနတ်ဘုံဖြစ်သော 
တာ၀တိ ံသာ နတ်ဘုံ တည်ရှိသည်။ 

(၃)ထို့အထက်တွင် အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင် တတိယ နတ်ပြည် ဖြစ်သော
ယာမာနတ်ပြည် ရှိသည်။

(၄) ထို့အထက်တွင် အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
တုသိတာ နတ်ဘုံ ဖြစ်သည်။ 

(၅) ထို့အထက်တွင် အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
နိမ္မာနရတီ နတ်ပြည် တည်ရှိသည်။

(၆) ထို့အထက်တွင် အထက် ယူဇနာပေါင်း 
၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
ပရနိမ္မိတ ဝဿ၀တ္တီ နတ်ပြည် တည်ရှိသည်။ 

စတုမဟာရာဇ်နတ်ပြည်မှလွဲ၍ 
ကျန် နတ်ဘုံ များသည် ကမ္ဘာကြီး၏
အပြင် အထက်တွင် (စကြာ၀ဠာထဲတွင်) 
သီးခြားရပ်တည်နေကြပါသည်။

-------------------

ဗွဟ်မာဘုံ ၂၀ 
( သမ္မထ ၊ ဝိပဿနာကျင့်သူများသွားရာ နေရာ )

၁။အမြင့်ဆုံးနတ်ပြည်၏ အထက် 
ယူဇနာပေါင်း (၅)သန်း(၅)သိန်း
(၈)ထောင်ကျော်တွင် ပထမစျာန် ဗြဟ္မာဘုံ 
၃ ဘုံ တစ်ပြေးတည်း တည်ရှိသည်။

လူပြည်တွင် အာနာပါနကမ္မဌာန်း ၊ ကသိုင်း ၊ သမ္မထ ၊ ဘာ၀နာ အားထုတ်သူများ ရောက်ရာဘုံ ။ 

၂။ထို့ အထက် ယူဇနာပေါင်း (၅)သန်း
(၅)သိန်း(၈)ထောင်ကျော်တွင်ဒုတိယစျာန်
(၃) ဘုံ တည်ရှိသည်။

၃။ ထို့ အထက် ယူဇနာပေါင်း (၅)သန်း
(၅)သိန်း(၈)ထောင်ကျော်တွင်တတိယစျာန်
(၃)ဘုံ တည်ရှိသည်။

၄။ထို့ အထက် ယူဇနာပေါင်း (၅)သန်း
(၅)သိန်း(၈)ထောင်ကျော်တွင် စတုတ္တစျာန် 
(၇)ဘုံ တည်ရှိသည်။

၅။ထို့ အထက် ယူဇနာပေါင်း (၅)သန်း
(၅)သိန်း(၈)ထောင်ကျော်တွင်ပဉ္စမစျာန် 
(၄)ဘုံ တည်ရှိသည်။

(တစ်ယူဇနာ ကို အနည်းဆုံး ၈ မိုင် ရှိပါသည်။ )

    ༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

မူရင်းရေးသားသူကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment