🌻🌻🌻🌻🌻🌻🌻
(၁) သေနိယ သူဌေးသမီး သုဇာတာ-
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌
'အဂ္ဂ ပထမ သရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်။
(၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ-
အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော်ရလေသည်။
(၃) ခုဇ္ဇုတ္တရာ- 'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်။
၎င်းင်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော
အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊
၎င်းင်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍
ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။
(၄) သာမာဝတီမိဖုရား - မေတ္တာဖြင့်နေသောအရာ၌
'အဂ္ဂ မေတ္တာ ဝိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်။
(၅) နန်ဒမာတာ ဥတ်တရာ-
ဈန်ဝင်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၆) ကောလိယမင်းသမီး သုပ္ပဝါသာ-
အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်။
(၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ
'အဂ္ဂ ဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌
'အဂ္ဂ အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်တော်ရလေသည်။
(၉) နကုလ မာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ဝိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ)
(၁၀) ကာလီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌
'အဂ္ဂ အနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။
No comments:
Post a Comment