စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

နံသိ လျက်သိ ထိသိစိတ်ဖြစ်ပုံ

နံသိ လျက်သိ ထိသိစိတ်ဖြစ်ပုံ
""""""""""""""""""""""""""""""""""

           နံသိစိတ်ကလည်းပဲ နှာခေါင်းနဲ့ အနံ့ ဆုံမိတဲ့ခါမှာပေါ်လာတယ် လျက်သိစိတ်က ပိုပြီး သိသာတယ်

          ဟင်းချက်တဲ့အခါ မမြည်းရင် ချိုတယ် ငန်တယ်မသိဘူး တခါတလေ သရက်သီးမှည့် ခွဲထားတဲ့အခါမျက်စိက ကြည့်တော့ ချိုတယ်လို့ သညာက
ထင်မှတ်ထားတာ စားတဲ့အခါ ချဉ်လိုက်တာ မပြောနဲ့တော့ တကယ်အဆုံးအဖြတ်ပေးနိုင်တာကတော့ လျှာပေါ်ရောက်မှ
သိသွားတာ မဟုတ်လား။

            ချိုတယ်ထင်လို့ စားတာ ၊ ချဉ်တာ တွေ့ချင်တွေ့မယ်ချဉ်တယ်ထင်တာ ။ ချိုတာတွေ့ကောင်းတွေ့မယ် ပေါ့တယ်လို့
ထင်တာ ။ ငန်ချင်လည်းငန်မယ် အားလုံးဟာ လျှာကျမှ သိတာချည်းပဲ မဟုတ်လား ၊ 

ဒါကြောင့် မြတ်စွာဘုရားက..

( ဇိဝဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ၊ ဇိဝှာဝိညာဏံ)

ဇိဝှာပသာဒရယ် ရသာရုံရယ် ပေါင်းစပ်လို့ အရသာသိတဲ့။ အသိစိတ်ကလေး ပေါ်လာတာပါ တဲ့။ ထို့အတူပဲကာယပသာဒနဲ့ ဖောဋ္ဌဗ္ဗာရုံ ဒီနှစ်ခု ဆုံမိသွားတဲ့အခါကျတော့ ထိသိစိတ်ကလေး ပေါ်တာပါပဲတဲ့။

နောက်တစ်ခါ... 
အတွေးအာရုံတွေ ကျန်တဲ့အာရုံတွေကျတော့ ဘဝင်စိတ်ကလေးကို သွားတိုက်တာ အဲ့ဒါကျတော့ ကြည့်ရမှာက နာမ်-နာမ်ချင်းသိတာလည်း ပါမယ်။

      ဘာဖြစ်လို့တုန်းဆိုတော့...
   အာရုံက နာမ်ဆိုလို့ရှိရင် ဘဝင်စိတ်ကလေးကလည်း နာမ်ပဲ။ နာမ် -နာမ်ချင်း တိုက်ပြီးတော့ (မနောဝိညာဏံ)ဆိုတဲ့ 
အစွမ်းထက်တဲ့ အသိစိတ်ကလေး ပေါ်တယ်။

     ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့ ဒီနှစ်ခု ပေါင်းစပ်ပြီး တိုက်ခိုက်မိလိုက်တဲ့ အခါကျတော့ တခြားအသိစိတ်တွေ
ပေါ်လာတယ်၊ ကုသိုလ်စိတ်တွေ၊ အကုသိုလ်စိတ်တွေ ပေါ်မယ်။

      အဲ့ဒီမှာ အစွမ်းထက်တဲ့စိတ်တွေ အတွေးစိတ်တွေပေါ်မယ်။ အဲ့ဒီတော့..
(မနဉ္စ ပဋိစ္စ ဓမ္မေ စ) ဒီနေရာမှာ (ဟဒယဉ္စ ပဋိစ္စ ဓမ္မေစ)လို့မြတ်စွာဘုရား မဟောတာ စဉ်းစားကြည့်ပေါ့။

    ကျန်တဲ့ စက္ခု ၊ သောတ၊ ဃာန၊ ဇိဝှာ ၊ ကာယ base တွေက ရုပ်တရားတွေ ဖြစ်လျက်သားနဲ့ ဒီ ၆-ခု မြောက် ရောက်တဲ့ခါကျတော့..(မနဉ္စ ပဋိစ္စ ဓမ္မေ စ) လို ဟော့ပြီး (ဟဒယဉ္စ ပဋစ္စ) လို့မဟောဘူး။ ဟဒယဝတ္ထုသက်သက်နဲ့ မပေါ်နိုင်ဘူးတဲ့

      အဲ့ဒီတော့ အခြေခံ ဘဝင်စိတ်ကနေ ဖြတ်သန်းရတာ ဖြစ်တယ်လို့ ဟောတာ။ ဘဝင်စိတ်က ဒီနေရာမှာ Mind door ပဲ။ 

      အဲ့ဒီက ဖြတ်သန်းရတာဖြစ်လို့ ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့ ပေါင်းစပ်တွဲမိလိုက်တဲ့ အခါကျတော့ မနောဝိညာဏ် စိတ်ဆို တဲ့ အစွမ်းထက်တဲ့စိတ်
ပေါ်လာတယ်လို့ ဒီလိုဟောတယ် ။

🙏🙏🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရား၊
” အဘိဓမ္မာမြတ်ဒေသနာ နာမ်တရားကိုလေ့လာခြင်း” မှကောက်နုတ်ပူဇော်သည်..🙏

N . M . M . P

(25.5.2022)

No comments:

Post a Comment