စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 29, 2022

အတိတ်တဘောင်

💢တရားကို တေးဆို ၊ အဖေကိုသားကဆဲ
💢ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
💢မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ
💢လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား 
💢အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို 
💢အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ
💢အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင် 
💢အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ် 
💢မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း 
💢ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် 
💢ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ 
💢ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား 
💢ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ် 
💢မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ရွှေကပ်သည့်ဘုရားမှ လူရိုသေ 
💢အဖေ အမေက ကျွန်နဲ့တူ ၊သားသမီးက သခင်ဖြစ် 
💢ခေတ်ကြီးကိုတော့ အပြစ်ဆို ၊မိမိကိုယ်တော့ အကောင်းပြော 
💢ဂုံံးတိုက်လျှင် ကျေးဇူးရှင် ၊ဖြောင့်မတ်လျှင် လူမသုံး 
💢သီလယူရင်း မျက်စပစ်သူတော်ကောင်းတို့တရားပျက်ကြလေပြီ ။
*ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။
Credit..

No comments:

Post a Comment