စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

၃၁ ဘုံသားတို့၏သက်တမ်း

(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သတ္တလောကဘုံဌာနအားဖြင့် (၃၁)ဘုံရှိရာတွင်
(၁)ငရဲ၊ ပြိတ္တာ၊ အသူရကာယ် တို့မှာ ပုံသေသတ်မှတ်
ထားသော သက်တမ်းများ မရှိကြ။ မိမိတို့၏ 
ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ 
အကုသိုလ်ကံကြီးမားလျှင် သက်တမ်းရှည်ကြာ
ကြပြီး အကုသိုလ်ကံ နည်းပါးလျှင် သက်တမ်း
တိုကြသည်။

#တိရစ္ဆာန်များလည်း အမျိုးပေါင်း မရေတွက် နိုင်
သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ
ကွာခြားကြပေသည်။ 

(၂) လူသားတို့၏ သက်တမ်းမှာ 
အရှေ့ကျွန်းသားတို့ဧ။်သက်တမ်း(၇၀၀)၊ 
အနောက်ကျွန်းသား တို့ဧ။်သက်တမ်း(၅၀၀)၊ 
မြောက်ကျွန်းသားတို့ဧ။်သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်းပုံသေမရှိဟုဆိုဧ။်။ 
အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် 
ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်းဟူ၍ 
ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။

(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော မြေဘုတ်ဘီလူးနှင့် ဘုမ္မစိုးနတ်
တို့ဧ။်သက်တမ်းများ ပုံသေမရှိကြပေ။ အချို့သော 
ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး 
အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။

အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ နတ်သက်ဖြင့်ရေတွက်လျှင် အနှစ်(၅၀၀) ရှိသည်။ 
လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ 
စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀)နှင့် ညီမျှဧ။်။

(၄) တာ၀တိံ ံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံံသာနတ်တို့သည် နတ်သက်အားဖြင့် အနှစ်(၁၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်ရေတွက်လျှင် နှစ်ပါင်း သုံးကုဋေနှင့်ခြောက်သန်းရှိသည်။ 
လူတို့ဧ။် အနှစ်(၁၀၀)သည် တာ၀တိံသာနတ်တို့ဧ။်
တစ်ရက်နှင့်ညီမျှသည်။ 

(၅) ယာမာနတ်တို့သည် နတ်သက်အားဖြင့် အနှစ်(၂၀၀၀)သက်တမ်းရှိ၍ လူတို့နှစ်ဖြင့် ရေတွက်လျှင် နှစ်ပေါင်း (၁၄) 
ကုဋေနှင့်(၄)သန်းရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏
တစ်ရက်နှင့်ညီမျှ၏။

(၆) တုသိတာနတ်တို့ဧ။်သက်တမ်းသည် နတ်သက်အားဖြင့်အနှစ်(၄၀၀၀) သက်တမ်းရှိ၍ လူတို့၏ နှစ်ဖြင့်ရေတွက်လျှင် နှစ်ပေါင်း (၅၇)ကုဋေနှင့်
(၆)သန်း ရှိသည်။
လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။

(၇) နိမ္မာနရတီနတ်တို့သည် နတ်သက်အားဖြင့် အနှစ်(၈၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း
(၂၃၀)ကုဋေ (၄)သန်းရှိသည်။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ 

(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် နတ်သက်အားဖြင့် အနှစ်(၁၆၀၀)သက်တမ်းရှိ၍ လူတို့၏ နှစ်ဖြင့်ရေတွက်လျှင် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ 
..............
(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျား
ကြ၍ အသင်္ချေယျကပ်၊ မဟာကပ်တို့ဖြင့် တိုင်းတာရဧ။်။ ထိုကပ်တို့သည် 
(၁) အာယုကပ်၊ 
(၂) အန္တရကပ်၊ 
(၃) အသင်္ချေယျကပ် ၊ 
(၄) မဟာကပ်ဟူ ၍ လေးပါး ရှိ၏။

ထိုလေးပါးတို့တွင် သတ္တဝါတို့၏ သက်တမ်းအသီးသီးကို 
အာယုကပ်ဟုခေါ်သည်။ 

လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟုခေါ်၏။

အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် 
တစ်ကပ်နှင့်ညီမျှ၏။ 

အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ်
(တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။(ဝါ)အသင်္ချေယျကပ်
(၄)ခုပမာဏကို မဟာကပ်တစ်ခုဟူ၍လည်းကောင်း
တစ်ကမ္ဘာဟူ၍လည်းကောင်း ခေါ်ဆိုသည်။

#အသင်္ချေယျကပ်ကိုလည်း 
(က)သံ၀ဋ္ဋ အသင်္ချေယျကပ်
(ခ)သံ၀ဋ္ဋဌာယီ အသင်္ချေယျကပ်
(ဂ)ဝိ၀ဋ္ဋ အသင်္ချေယျကပ်
(၄)ဝိ၀ဋ္ဋဌာယီ အသင်္ချေယျကပ်ဟု လေးမျိုးခွဲခြားပြန်၏။ 

(က) ကမ္ဘာကြီး စ၍ပျက်သည်မှ လုံး၀ပျက်သုဉ်း သွားသည်အထိ အလွန်ရှည်ကြာသော ကမ္ဘာပျက် ကာလတစ်ခုကို သံ၀ဋ္ဋအသင်္ချေယျကပ်ဟုခေါ်သည်။

(ခ) ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အလွန်ရှည်ကြာသော ကာလတစ်ခုကိုသံ၀ဋ္ဋဌာယီအသင်္ချေယျကပ်ဟုခေါ်သည်။

(ဂ)ကမ္ဘာပြုမိုးစပြီးရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ အလွန်ရှည်ကြာသော ကာလတစ်ခုကို ဝိ၀ဋ္ဋအသင်္ချေယျကပ်ဟုခေါ်သည်။

(ဃ)ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းမပျက်မစီးဘဲတည်၍နေသော အလွန်ရှည်ကြာသော ကာလတစ်ခုကို ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ် ဟုခေါ်သည်။ 

ယခုအခါ ကပ်အသီးသီးတို့ဧ။် အတိုင်းတာပမာဏကိုပြဆိုပြီးပြီဖြစ်၍ ထိုကပ်တို့နှင့် သက်တမ်းတိုင်းတာရသော ဗြဟ္မာတို့၏ သက်တမ်းကို ပြဆိုပါမည်။

#ရူပဗြဟ္မာ(၁၆)ဘုံတို့ဧ။်သက်တမ်းများ
************************
#ရူပပဌမစျာန်သုံးဘုံတို့တွင်

#ဗြဟ္မပါရိသဇ္ဇာဗြဟ္မာ တို့သည် အသင်္ချေယျကပ်တစ်ခု၏။ သုံးပုံ တစ်ပုံခန့် သက်တမ်းရှည်ကြာကြ၏။

#ဗြဟ္မပုရောဟိတာဗြဟ္မာများသည် အသင်္ချေယျကပ် တစ်ခု၏။ ထက်၀က်ခန့် သက်တမ်းရှည်ကြာကြ၏။

#မဟာဗြဟ္မာများသည် အသင်္ချေယျကပ်တစ်ခုခန့် သက်တမ်းရှည်ကြာကြ၏။
ဤသုံးဘုံကို ပဌမစျာန်သုံးဘုံဟုခေါ်ဆိုသည်။
............

ရူပဒုတိယစျာန်(၃)ဘုံတို့တွင်

#ပရိတ္တာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ် (၂)ခု ခေါ် (၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။

#အပ္ပမာဏာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်(၄)ခုခေါ် (၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။

#အာဘဿရာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်(၈)ကပ် ခေါ် (၈)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။ ဤသုံးဘုံကို ဒုတိယစျာန်သုံးဘုံဟုခေါ်သည်။
..............
#ရူပတတိယစျာန်(၃)ဘုံတို့တွင်

#ပရိတ္တသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ် (၁၆)ခု ခေါ် (၁၆)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။

#အပ္ပမာဏသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်(၃၂)ခုခေါ် (၃၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။

#သုဘကိဏှာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်(၆၄)ကပ် ခေါ် (၆၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။ ဤသုံးဘုံကို တတိယစျာန်သုံးဘုံဟုခေါ်သည်။
...............
#ရူပစတုတ္ထစျာန်ဘုံများတွင်

#ဝေဟပ္ဖိုလ်ဗြဟ္မာနှင့် အသညသတ်ဗြဟ္မာတို့၏သက်တမ်းကား မဟာကပ်(၅၀၀)ခေါ် ကမ္ဘာပေါင်း (၅၀၀)အထိ သက်တမ်းရှည်ကြာ၏။

စတုတ္ထစျာန်သုဒ္ဓါဝါသ(၅)ဘုံတို့တွင်

#အဝိဟာဗြဟ္မာတို့သက်တမ်းကား မဟာကပ် တစ်ထောင်ခေါ် ကမ္ဘာပေါင်းတစ်ထောင်အထိ သက်တမ်းရှည်ကြာ၏။

#အတပ္ပါဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်(၂)ထောင် ခေါ်ကမ္ဘာပေါင်း (၂)ထောင်အထိ သက်တမ်းရှည်ကြာ၏။

#သုဒဿာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်(၄)ထောင် ခေါ်ကမ္ဘာပေါင်း (၄)ထောင်အထိ သက်တမ်းရှည်ကြာ၏။

#သုဒဿီဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်(၈)ထောင် ခေါ်ကမ္ဘာပေါင်း (၈)ထောင်အထိ သက်တမ်းရှည်ကြာ၏။

#အကနိဌဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်တစ်သောင်းခြောက်ထောင် ခေါ်ကမ္ဘာပေါင်းတစ်သောင်းခြောက်ထောင်ထိ သက်တမ်းရှည်ကြာ၏။
.......................

#အရူပဗြဟ္မာ(၄)ဘုံတို့၏သက်တမ်းများ

#အာကာသာနဉ္စာယတနဗြဟ္မာများသည် မဟာကပ်နှစ်သောင်းခေါ် ကမ္ဘာပေါင်း နှစ်သောင်းအထိသက်တမ်းရှည်ကြာ၏။

#ဝိညာဏဉ္စာယတနဗြဟ္မာများသည် မဟာကပ်လေးသောင်းခေါ် ကမ္ဘာပေါင်း လေးသောင်းအထိသက်တမ်းရှည်ကြာ၏။

#အာကိဉ္စညာယတနဗြဟ္မာများသည် မဟာကပ်ခြောက်သောင်းခေါ် ကမ္ဘာပေါင်း ခြောက်သောင်းထိသက်တမ်းရှည်ကြာ၏။

#နေ၀သညာနာသညာယတနဗြဟ္မာများသည် မဟာကပ် ရှစ်သောင်းလေးထောင် ခေါ် ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်အထိ သက်တမ်းရှည်ကြာဧ။်။

#အနှစ်ချုပ်အားဖြင့် ပါဏာတိပါတစသော အကုသိုလ်ဒုစရိုက်များပြုလျှင်ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ဘုံများသို့ ရောက်ပါမည်။

ဒါန သီလများနှင့် အခြေခံသမထ ဝိပဿနာများကိုပြုလုပ်ပါက လူပြည်နှင့် နတ်ပြည်(၆)ထပ်ဟူသော
ကာမသုဂတိ(၇)ဘုံသို့ ေ၇ာက်ပါမည်။

ရူပ ပထမစျာန်ရသည်ထိ သမထဘာ၀နာပွားများပါကရူပ ပထမစျာန်သုံးဘုံသို့ ရောက်ပါမည်။

ရူပဒုတိယစျာန်နှင့် တတိယစျာန်ကိုရသည်ထိ သမထဘာ၀နာပွားများပါက ရူပဒုတိယစျာန် သုံးဘုံသို့ ရောက်ပါမည်။

ရူပစတုတ္ထစျာန်ရသည်ထိ သမထဘာ၀နာ
ပွားများပါက ရူပတတိယစျာန်သုံးဘုံသို့ 
ရောက်ပါမည်။

ရူပပဉ္စမစျာန်ရသည်ထိ သမထဘာ၀နာ
ပွားများပါက ရူပစတုတ္ထစျာန်ဘုံများထဲမှ
ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံသို့
ရောက်ပါမည်။

အနာဂါမ်ဖြစ်ပြီးသောပုဂ္ဂိုလ်သည် ရူပပဉ္စမစျာန်ရသည်ထိ သမထဘာ၀နာပွားများပါက သုဒ္ဓါဝါသငါးဘုံဖြစ်သော အဝိဟာ အတပ္ပါ သုဒဿာသုဒဿီ အကနိဌ ဘုံများသို့ရောက်ပါမည်။

အာကာသာနဉ္စာယတနအရူပစျာန်ကိုရသည်အထိသမထဘာ၀နာ အားထုတ်ခဲ့လျှင် အာကာသာနဉ္စာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

၀ိညာနဉ္စာယတနအရူပစျာန်ကိုရသည်အထိသမထဘာ၀နာ အားထုတ်ခဲ့လျှင် ဝိညာဏဉ္စာ-ယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

အာကိဉ္စညာယတနအရူပစျာန်ကိုရသည်အထိသမထဘာ၀နာ အားထုတ်ခဲ့လျှင် အာကိဉ္စညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

နေ၀သညာနာသညာယတနအရူပစျာန်ကို
ရသည်အထိ သမထဘာ၀နာ အားထုတ်ခဲ့လျှင် နေ၀သညာနာသညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။

အရဟတ္တမဂ် အရဟတ္တဖိုလ်ရသည်အထိ
၀ိပဿနာတရားကို အားထုတ်ထားသော
ဘုရား ရဟန္တာများသည်ကားအသင်္ခတဓာတ် မြတ်နိဗ္ဗာန်သို့ စံ၀င်တော်မူကြသည်ဖြစ်၍(၃၁)ဘုံ သံသရာခရီးကို ကျောခိုင်းစွန့်ခွာပြီးသူများဖြစ်ကြောင်း စေတနာ​​ဝေဖြာစွာဖြင့် တင်ပြပေးလိုက်ပါသည်။

______________________

၃၁-ဘုံ နှင့် လမ်းလျှောက်ရင်း လမ်းမပျောက်စေချင်....

လူသားအားလုံး သေရင် သွားရမည့်နေရာ ၃၁ နေရာ ရှိပါတယ်.
အဲဒါကို ဘုံ ၃၁ ဘုံ လို့ ဘုရားရှင် က ဟောသွားခဲ့ပါတယ်..အဲဒါတွေကတော့
နတ်ပြည် = ၆ နေရာ ( နတ်ပြည် ၆ ထပ် ) ၊ ဗြဟ္မာဘုံ = ၂၀ ၊
လူဘုံ = ၁ ဘုံ ၊ အပါယ် = ၄ ဘုံ ၊ တို့ပဲဖြစ်ပါတယ်...

နတ်ပြည် ၆ ထပ် ( ဒါန ၊ သီလ ပြုသူများသွားရာနေရာ ၆ ခု )

လူဘုံ၏ အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ပထမနတ်ပြည့် ဖြစ်သော

(၁) စတုမဟာရာဇ်နတ်ပြည် တည်ရှိသည်။ လူ့သက်တန်းအားဖြင့် အနှစ်(၉)သန်း နေရသည်။ နတ်မင်းကြီး ၄ ပါး အုပ်ချူပ်သည်။

ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ဒုတိယနတ်ဘုံဖြစ်သော

(၂) တာ၀တိ ံသာ နတ်ဘုံ တည်ရှိသည်။ လူသက်တန်းဖြင့် (၃)ကုဋေ(၆)သန်းနေရသည်။ သိကြားမင်း အုပ်စိုးသည်။

ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် တတိယ နတ်ပြည် ဖြစ်သော

(၃) ယာမာနတ်ပြည် ရှိသည်။ လူသက်တမ်းအားဖြင့် (၁၄)ကုဋေ(၄)သန်း ရှိသည်။ သုယာမ နတ်မင်း အုပ်စိုးသည်။

ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။

(၄) တုသိတာ နတ်ဘုံ ဖြစ်သည်။ လူ့သက်တမ်းနှစ်ပေါင်း (၅၇)ကုဋေ(၆)သန်း နေရပါသည်။ သန္တုဿီတ နတ်မင်း အုပ်စိုးသည်။

ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။

(၅) နိမ္မာနရတီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်း
(၂၃၀)ကုဋေ(၄)သန်း နေရပါသည်။ သနိမ္မိတ နတ်မင်း အုပ်စိုးသည်။

ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။

(၆) ပရနိမ္မိတ ဝဿ၀တ္တီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်းအားဖြင့် (၆၂၁)ကုဋေ(၆)သန်း နေရသည်။ ဝဿ၀တ္တီနတ်မင်း အုပ်စိုးသည်။

စတုမဟာရာဇ်နတ်ပြည်မှလွဲ၍ ကျန်နတ်ဘုံ များသည် ကမ္ဘာကြီး၏အပြင် အထက်တွင် (စကြာ၀ဋာထဲတွင်) သီးခြားရပ်တည်နေကြပါသည်။

ဗြဟ္မာဘုံ ၂၀ ( သမ္မထ ၊ ဝိပဿနာကျင့်သူများသွားရာ နေရာ )

ဗြဟ္မာဘုံ သည် သက်တမ်းရှည်လွန်းသဖြင့် ကိန်းဂဏန်းဖြင့်ပြောလို့ မရတော့ပါ.... (အကျယ်ကို သဂြိုလ်ကျမ်းတွင် ကြည့်ပါ )

အမြင့်ဆုံးနတ်ပြည်၏ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်

၁။ ပထမစျာန် ဗြဟ္မာဘုံ ၃ ဘုံ တစ်ပြေးတည်း တည်ရှိသည်။
လူပြည်တွင် အာနာပါနကမ္မဌာန်း ၊ ကသိုင်း ၊ သမ္မထ ၊ ဘာ၀နာ အားထုတ်သူများ ရောက်ရာဘုံ ။ 

ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်

၂။ ဒုတိယစျာန် (၃) ဘုံ တည်ရှိသည်။

ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်

၃။ တတိယစျာန် (၃)ဘုံ တည်ရှိသည်။

ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်

၄။ စတုတ္တစျာန် (၇)ဘုံ တည်ရှိသည်။

ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်

၅။ ပဉ္စမစျာန် (၄)ဘုံ တည်ရှိသည်။

အပယ်လေး ဘုံ

၁။ ငရဲ ( ငါးပါးသီလ မလုံသူ အဖေ၊အမေ၊ သံဃာသတ်သူတို့သွားရာဘုံ)
ငရဲ ရှစ်ထပ် ရှိသည်..ပထမဆုံး ငရဲသည် ကမ္ဘာမြေကြီးနှင့်စပ်ဆပ်တည်၇ှိ
ပြီး ကျန်ငရဲများသည် သီးခြားတည်ရှိကြသည်။ ငရဲသက်တမ်းမှာ အကုသိုလ်ကို လိုက်ပြီး တစ်ဦးနင့် တစ်ဦး မတူကြပေ..များသောအားဖြင့် နတ်သက်ထက် ရှည်ကြာကြသည်။

၂။ တိရိစ္ဆာန် (ကိုယ်ပတ်၀န်ကျင်ပဲကြည့်လိုက်ပါတော့ )

၃။ ပြိတ္တာ ဘုံ (သာမာန်မျက်စိနှင့်မမြင်နိုင်ပါ..လူဘုံတွင်ပဲ ရှိသည်။)

၄။ အသူရကာယ် (နေ့စံ ၊ ညခံ ၊ နေ့ခံ ၊ ညစံ ) (သူတော်ကောင်းစကားနားမထောင်သူ ၊ သူတော်တော်ကောင်းများ အား ပြစ်မှားသူသွားရာနေရာ)

လူဘုံ ကတော့ ပြောစရာမလိုတော့ပါ....

(တစ်ယူဇနာ ကို အနည်းဆုံး ၈ မိုင် ရှိပါသည်။ )ကဲဘယ်လမ်းကိုလျှောက်ပြီး ဘယ်လမ်းကိုသွားမယ်ဆိုတာ မိမိအသိညာဏ်ကိုယ်ပိုင်ညာဏ်ဖြင့် မိမိကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်ပါတယ်။ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့လမ်း ကိုယ့်ဦးတည်ချက်တွေဟာ လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ကြတယ်။

    ༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment