ရူပဗြဟ္မာ(၁၆)ဘုံတို့၏သက်တမ်းများ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဗြဟ္မာတို့၏သက်တမ်းများသည်
အလွန်ရှည်လျား
ကြ၍ အသင်္ချေယျကပ်၊
မဟာကပ်တို့ဖြင့် တိုင်းတာရဧ။်။
ထိုကပ်တို့သည်
(၁) အာယုကပ်၊
(၂) အန္တရကပ်၊
(၃) အသင်္ချေယျကပ် ၊
(၄) မဟာကပ်ဟူ ၍ လေးပါး ရှိ၏။
ထိုလေးပါးတို့တွင် သတ္တဝါတို့၏ သက်တမ်းအသီးသီးကို အာယုကပ်ဟုခေါ်သည်။
လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊
ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ
ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟုခေါ်ဧ။်။
အန္တရကပ် (၆၄)ကပ်သည်
အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။
အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ်
(တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။(ဝါ)အသင်္ချေယျကပ်
(၄)ခုပမာဏကို မဟာကပ်တစ်ခုဟူ၍လည်းကောင်း
တစ်ကမ္ဘာဟူ၍လည်းကောင်း ခေါ်ဆိုသည်။
#အသင်္ချေယျကပ်ကိုလည်း
(က)သံ၀ဋ္ဋ အသင်္ချေယျကပ်
(ခ)သံ၀ဋ္ဋဌာယီ အသင်္ချေယျကပ်
(ဂ)ဝိ၀ဋ္ဋ အသင်္ချေယျကပ်
(၄)ဝိ၀ဋ္ဋဌာယီ အသင်္ချေယျကပ်ဟု လေးမျိုးခွဲခြားပြန်၏။
(က) ကမ္ဘာကြီး စ၍ပျက်သည်မှ လုံး၀ပျက်သုဉ်း
သွားသည်အထိ အလွန်ရှည်ကြာသော ကမ္ဘာပျက်
ကာလတစ်ခုကို သံ၀ဋ္ဋအသင်္ချေယျကပ်ဟုခေါ်သည်။
(ခ) ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း
တည်နေသော အလွန်ရှည်ကြာသော ကာလတစ်ခုကို
သံ၀ဋ္ဋဌာယီအသင်္ချေယျကပ်ဟုခေါ်သည်။
(ဂ)ကမ္ဘာပြုမိုးစပြီးရွာသည့် အချိန်မှစ၍ ကမ္ဘာကြီး
အပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ အလွန်ရှည်ကြာ
သော ကာလတစ်ခုကို ဝိ၀ဋ္ဋအသင်္ချေယျကပ်ဟု
ခေါ်သည်။
(ဃ)ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်း
မပျက်မစီးဘဲတည်၍နေသော အလွန်ရှည်ကြာသော
ကာလတစ်ခုကို ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ် ဟု
ခေါ်သည်။
ယခုအခါ ကပ်အသီးသီးတို့ဧ။် အတိုင်းတာပမာဏကို
ပြဆိုပြီးပြီဖြစ်၍ ထိုကပ်တို့နှင့် သက်တမ်းတိုင်းတာ
ရသော ဗြဟ္မာတို့ဧ။်သက်တမ်းကို ပြဆိုပါမည်။
_______________________
ရူပဗြဟ္မာ(၁၆)ဘုံတို့ဧ။်သက်တမ်းများ
#ရူပပဌမစျာန်သုံးဘုံတို့တွင်
#ဗြဟ္မပါရိသဇ္ဇာဗြဟ္မာ တို့သည် အသင်္ချေယျကပ်
တစ်ခုဧ။် သုံးပုံ တစ်ပုံခန့် သက်တမ်းရှည်ကြာကြဧ။်။
#ဗြဟ္မပုရောဟိတာဗြဟ္မာများသည် အသင်္ချေယျကပ်
တစ်ခုဧ။် ထက်၀က်ခန့် သက်တမ်းရှည်ကြာကြဧ။်။
#မဟာဗြဟ္မာများသည် အသင်္ချေယျကပ်တစ်ခုခန့်
သက်တမ်းရှည်ကြာကြဧ။်။
ဤသုံးဘုံကို ပဌမစျာန်သုံးဘုံဟုခေါ်ဆိုသည်။
______________________
ရူပဒုတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၂)ခု ခေါ် (၂)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
#အပ္ပမာဏာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၄)ခုခေါ် (၄)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
#အာဘဿရာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
(၈)ကပ် ခေါ် (၈)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
ဤသုံးဘုံကို ဒုတိယစျာန်သုံးဘုံဟုခေါ်သည်။
____________________
#ရူပတတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၁၆)ခု ခေါ် (၁၆)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
#အပ္ပမာဏသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၃၂)ခုခေါ် (၃၂)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
#သုဘကိဏှာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
(၆၄)ကပ် ခေါ် (၆၄)ကမ္ဘာထိ သက်တမ်းရှည်ကြာဧ။်။
ဤသုံးဘုံကို တတိယစျာန်သုံးဘုံဟုခေါ်သည်။
_______________________
#ရူပစတုတ္ထစျာန်ဘုံများတွင်
#ဝေဟပ္ဖိုလ်ဗြဟ္မာနှင့် အသညသတ်ဗြဟ္မာတို့ဧ။်
သက်တမ်းကား မဟာကပ်(၅၀၀)ခေါ် ကမ္ဘာပေါင်း
(၅၀၀)အထိ သက်တမ်းရှည်ကြာဧ။်။
စတုတ္ထစျာန်သုဒ္ဓါဝါသ(၅)ဘုံတို့တွင်
#အဝိဟာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
တစ်ထောင်ခေါ် ကမ္ဘာပေါင်းတစ်ထောင်အထိ
သက်တမ်းရှည်ကြာဧ။်။
#အတပ္ပါဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
(၂)ထောင် ခေါ်ကမ္ဘာပေါင်း (၂)ထောင်အထိ
သက်တမ်းရှည်ကြာဧ။်။
#သုဒဿာဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
(၄)ထောင် ခေါ်ကမ္ဘာပေါင်း (၄)ထောင်အထိ
သက်တမ်းရှည်ကြာဧ။်။
#သုဒဿီဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
(၈)ထောင် ခေါ်ကမ္ဘာပေါင်း (၈)ထောင်အထိ
သက်တမ်းရှည်ကြာဧ။်။
#အကနိဌဗြဟ္မာတို့ဧ။်သက်တမ်းမှာ မဟာကပ်
တစ်သောင်းခြောက်ထောင် ခေါ်ကမ္ဘာပေါင်းတစ်သောင်းခြောက်ထောင်ထိ သက်တမ်း
ရှည်ကြာဧ။်။
____________________
ရူပဗြဟ္မာဘုံရောက်လိုပါက
ရူပ ပထမစျာန်ရသည်ထိ
သမထဘာ၀နာပွားများပါက
ရူပ ပထမစျာန်သုံးဘုံသို့ ရောက်ပါမည်။
ရူပဒုတိယစျာန်နှင့် တတိယစျာန်ကိုရသည်ထိသမထဘာ၀နာပွားများပါက ရူပဒုတိယစျာန် သုံးဘုံသို့ ရောက်ပါမည်။
ရူပစတုတ္ထစျာန်ရသည်ထိ သမထဘာ၀နာ
ပွားများပါက ရူပတတိယစျာန်သုံးဘုံသို့
ရောက်ပါမည်။
ရူပပဉ္စမစျာန်ရသည်ထိ သမထဘာ၀နာ
ပွားများပါက ရူပစတုတ္ထစျာန်ဘုံများထဲမှ
ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံသို့
ရောက်ပါမည်။
အနာဂါမ်ဖြစ်ပြီးသောပုဂ္ဂိုလ်သည် ရူပပဉ္စမစျာန်ရသည်ထိ သမထဘာ၀နာပွားများပါက သုဒ္ဓါဝါသ ငါးဘုံဖြစ်သော အဝိဟာ အတပ္ပါ သုဒဿာ သုဒဿီ အကနိဌ ဘုံများသို့ရောက်ပါမည်။
༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻
မူရင်းရေးသားသူကို
No comments:
Post a Comment