"၃၁-ဘုံမှာ ကံအကောင်းဆုံးလူ"
********🌿🌺🌿********
နတ်သား နတ်သမီးတွေ စုတေ ကွယ်လွန်ခါနီးမှာ အခြားမိတ်ဆွေ နတ်သားတွေက စုဝေးပြီး.....
အသင်နတ်သားနတ်သ္မီး ဒီဘုံကနေစုတေသွားရင် လူ့ပြည် လူ့ဋ္ဌာနကို သွားပါလော့.....
လူ့ဘုံဘဝမှာ ရတနာသုံးပါး အဆုံးအမကိုခံယူပြီး ကုသိုလ်မျိုးစေ့ စိုက်ပါလော့ ဆိုပြီး သြဝါဒ စကား ပြောကြားကြတယ်.......
၃၁-ဘုံမှာ ရတနာသုံးပါးကို မြင်ရတွေ့ရတဲ့ဘုံ ကုသိုလ်တရားတွေ ပြုလုပ်လို့ရတဲ့ ဘုံဆိုတာ နတ်သားတွေလမ်းညွှန်တဲ့ "လူ့ဘုံ"ဖြစ်တယ်......
နတ်ပြည်ဆိုတာ ချမ်းသာသုခ ပြည့်စုံလွန်းလို့ကုသိုလ်လုပ်လို့ မရပါဘူး.....
ဗြဟ္မာပြည် ဆိုသည်မှာလည်း
အသက်ရှည်လွန်းလို့ ရတနာသုံးပါးဆိုတာမျက်စိတစ်မှိတ်အတွင်းသာ ဖြစ်တာပါတဲ့........
မြတ်စွာဘုရားရှင်က
လူ့အဖြစ်ရတယ်ဆိုတာ အတိတ်က
ကောင်းတဲ့ ကံတွေကြောင့် ခဲယဥ်းတရား ငါးပါးထဲက လူ့အဖြစ်ကို ရနေကြတာလို့ ဟောခဲ့ပါတယ်.......
လူ့အဖြစ်ရပါတယ် ဒါပေမယ့်
မိစ္ဆာအယူမှားတွေ ကျင့်သုံး လက်ခံရင်
အမှောင်ထဲ လမ်းလျှောက်နေတဲ့သူတဲ့........
လူ့အဖြစ်ရတယ်
ဒုစရိုက်အလုပ်တွေ ရှောင်မယ်
သုစရိုက်တရားတွေ ကျင့်သုံးရင်တော့...
သုံးဆယ့်တစ်ဘုံမှာ ကံအကောင်းဆုံးလူ
ဖြစ်သွားပါတယ်..
No comments:
Post a Comment