🐾 🐾 🐾 🐾 🐾 🐾 🐾
👉တစ်ခါက ဆရာတော်ကြီးတစ်ပါး
သီတင်းသုံးတဲ့ကျောင်းမှာ
ကျောင်းသားတွေ ကိုရင်တွေ
လူတွေသောက်သုံးဖို့အတွက်
ကိုယ်တိုင်ရေဖြည့်ခြင်းတွေပြုလုပ်။
ကျောင်းဝိုင်း အတွင်းလည်း
တံမြတ်စည်းတွေလှဲ အမှိုက်တွေကြုံး
ကျောင်းအပေါ်ထပ်လည်း
ဒီပစ္စည်းဟိုရွှေ ့
ဟိုကပစ္စည်း ဒီဘက်ရွှေ ့နေသတဲ့။
အလုပ်တွေများနေတဲ့ဆရာတော်ကို
တွေ ့မြင်နေတဲ့ ဒကာတစ်ယောက်က
မျက်စိပဲနောက်လို့ပဲလား ……
ဆရာတော်ကိုယ်တိုင်လုပ်နေတာကို
မကြည့်ရက်လို့လားတော့မသိဘူး
အဲဒီဒကာက လျှောက်သတဲ့။
☝ဆရာတော်ဘုရား
ဒီလောက်လုပ်နေတာ မပျင်းဘူးလားဘုရား
ပင်လည်းမပင်ပန်းဘူးလား
အနားယူပါဦးလားဘုရား ……တဲ့။
👉မပင်ပန်းပါဘူးကွာ
ကိုယ်နေတဲ့ကျောင်းဆိုပေမယ့်
သာသနာအတွက်ပဲ
"သာသနာလည်းပြု
ကုသိုလ်လည်းစု" ဆိုသလိုပေါ့
☝တပည့်တော်တော့ ဆရာတော့်ကြည့်ပြီး
ပျင်းလိုက်တာဘုရား ……
👉အေး ……ဒို့လည်းပျင်းလို့လုပ်နေတာပဲ
တံမြတ်စည်းလှဲရတာပျင်းလာရင်
အမှိုက်ကို ပြောင်းပြီးကြုံးလိုက်တာပဲ
ကျောင်းသား ကိုရင်တွေရဲ့သောက်ရေအိုးတွေ
ရေဖြည့်ရတာပျင်းလာရင်
ဘုရားရှေ ့သွားပြီး
တရားထိုင် ဂုဏ်တော်ပွားလိုက်တာပဲ။
ဒို့ကတော့ အလုပ်တစ်ခုကနေ
အလုပ်တစ်ခုကိုပြောင်းလုပ်ခြင်းနဲ့
အပျင်းဖြေတယ်ကွ။
တကယ်တော့ ပျင်းတယ်ဆိုတာ
အလုပ်မရှိလို့သာပျင်းတာပါ
အလုပ် လုပ်သူတွေသွားမေးကြည့်
ပျင်းတယ်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ဖူး…တဲ့။
☝ထိုဒကာကြီးလည်း ဘာတစ်ခွန်းမှ
မပြောနိုင်ပဲ ဦးချပြီးပြန်လာခဲ့ပါသတဲ့လေ။
ဖန်ခါးမြေအရှင်
No comments:
Post a Comment