သုံးဆယ် တဘုံ တည်းဟူသော သံသရာ ဝဋ်အတွင်း၌
ကျင်လည်နစ်မျော၍ နေကြရသော သတ္တဝါတိုင်းပင် ပဋိသန္ဓေ
တည်သည့်အချိန်မှစ၍ သေရမည့်အချိန် သိုသာ အစဉ်တစိုက်မရပ်
မနားသွားနေကြရပေသည်။
သံသရာ တလျောက်လုံးတွင်လည်း ရောဂါမျိုးစုံနှင့် ပြည့်
လျက်ရှိသော ခန္ဓာဝန်ထုပ်ကြီးကို ထမ်းကာ မီး- ၁၁ -
မီးလောင်ခြင်းကိုခံရင်းမရပ်မနား ပြေးလွှားနေကြရသည်ဟုသဘောပေါက်ထားကြရန် လိုအပ်လှပေသည်။
မီး-၁၁-မီးသည် သတ္တဝါတို့အား လောင်ကျွမ်းပျက်ဆီး
စေ၏။
မီး-၁၁-မီးဆိုသည်မှာ
၁။ လေဘမီး
၂။ ဒေါသမီး
၃။ မောဟမီး
၄။ ဇာတိမီး
၅။ ဇရာမီး
၆။ မရဏမီး
၇။ သောကမီး
ဂ။ ပရိဒေဝမီး
၉။ ဒုက္ခမီး
၁၀။ ဒေါမနဿမီး
၁၁။ ဥပါယာသမီးတို့ဖြစ်ကြကုန်၏။
ထိုမီး ၁၁ မီးတို့တွင် -
- လောဘမီးဆိုသည်မှာ လိုချင်တပ်မက် နှစ်သက်ရသဖြင့်
ပူလောင်ခြင်း။
- ဒေါသမီး ဆိုသည်မှာ မလိုမုန်းထား ပြစ်မှား စိတ်ဆိုးရသဖြင့်
ပူလောင်ခြင်း။
- မောဟမီး ဆိုသည်မှာ အမှန် တရားတို့ကို မသိရသဖြင့်
ပူလောင်ခြင်း။
- ဇာတိမီးဆိုသည်မှာ ဘဝသစ်၌ဖြစ်ရသဖြင့်ပူလောင်ခြင်း၊
တနည်းအားဖြင့်-
(က)သြပပါတိက၊ ကိုယ်ကောင် ထင်ရှားစွာ ဖြစ်ခြင်း။
(ခ) သံသေဒဇ၊ အရာဝတ္ထု၌ရှိသော အညှိကိုစွဲ၍ဖြစ်ခြင်း။
(ဂ) အဏ္ဍဇ၊ ဥခွံအတွင်း၌ ဖြစ်ခြင်း။
(ဃ) ဇလာဗုဇ၊ မိခင်၏ သားအိမ်အတွင်း၌ဖြစ်ခြင်း တည်း
ဟူသော ပဋိသန္ဓေ လေးမျိုး တမျိုးမျိုး၌ ပဋိသန္ဓေ တည်
နေရသဖြင့် ပူလောင်ခြင်း။
- ဇရာမီးဆိုသည်မှာ အိုမင်းရင့်ရော်ရသဖြင့်ပူလောင်ခြင်း။
- မရဏမီးဆိုသည်မှာ သေကြေပျက်စီးရသဖြင့် ပူလောင်ခြင်း။
- သောကမီးဆိုသည်မှာ စိုးရိမ်ကြောင့်ကြ ပူဆွေးရသဖြင့်
ပူလောင်ခြင်း။
- ပရိဒေဝမီးဆိုသည်မှာ စိုးရိမ်ကြောင့်ကြ ပူဆွေးရရုံမျှ မက
ရှိုက်ကြီးတငင် ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
- ဒုက္ခမီးဆိုသည်မှာ ရုပ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်
ခြင်း။
- ဒေါမနဿမီးဆိုသည်မှာ စိတ်ကိုမှီ၍ မသာမယာ ဖြစ်ရ
သဖြင့် ပူလောင်ခြင်း။
- ဥပါယာသမီး ဆိုသည်မှာ ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်း
ရရုံမျှမက ပြင်းထန်စွာ စိတ်ထိခိုက်ပြီး မေ့မြော ရင်ကွဲနာကျ
သည် အထိ စိတ်ပင်ပန်း ဆင်းရဲဖြစ်ရသဖြင့် ပူလောင်ခြင်းတို့
ဖြစ်ကြကုန်၏။
အထက်ဖော်ပြပါ မီး- ၁ ၁ -မီးရှိသည့်အနက် -
၁-လောဘမီး၊
၂-ဒေါသမီး၊
၃-မောဟမီးတည်းဟူသော မီး- ၃-မီး တို့သည် “အကြောင်းတရား”ဖြစ်ကြ၏။
၁-ဇာတိမီး၊
၂-ဇရာမီး၊
၃-မရဏမီး၊
၄-သောကမီး၊
၅-ပရိဒေဝမီး၊
၆-ဒုက္ခမီး၊
၇-ဒေါမနဿမီး၊
၈-ဥပါယာသမီး တည်းဟူသော မီး-၈ မီးတိုသည်
“အကျိုးတရား” ဖြစ်ကြကုန်၏။
အိပ်ရာမှ နိုးပြီး လောကီကိစ္စ အ ၀၀ အရေး တိုကို
ပြုလုပ်ပြောဆို ကြံစည်နေကြသော ပုဂ္ဂိုလ်တို့အား မီး ၁၁ မီး
သည် လောင်ချင်သလို လှည့်ပြီးလောင်နေလျက်ရှိ၏။
အိပ်ပျော်နေသော ပုဂ္ဂိုလ်နှင့် သတိမေ့ နေသော
ပုဂ္ဂိုလ်တို့အား ဇာတိမီး၊ ဇရာမီး၊ မရဏမီး တည်းဟူသော မီး
မီးတို့က လှည့်ပြီးလောင်နေလျက် ရှိ၏။ မီးမလောင်သော
အချိန်ဟူ၍ မည်သည့်အချိန်မှမရှိ၊ အစဉ်ဒလစပ် မီးလောင်ခြင်း
ကို ခံနေကြရကုန်၏။
ဤနေရာ၌ ဇာတိမီး၊ ပဋိသန္ဓေနေခြင်း။
ဇရာမီး၊အိုမင်းရင့်ရော်ခြင်း၊
မရဏမီး၊ သေကြေပျက်စီးခြင်း၊သဘောတရားတို့ဆိုရာတွင် ယခုဖြစ်ဆဲ ရုပ် နာမ် ခန္ဓာတို့၏ အစဉ်ဒလစပ် မွေးပြီးသေနေသော သဘောတရားတို့ကိုဆိုလိုခြင်းဖြစ်သည်။တနည်းအားဖြင့် ယခုဖြစ်ဆဲ ရုပ် နာမ် ခန္ဓာတို၏ အစဉ်အလစပ် ဖြစ်ပြီး ပျက်နေသော သဘောတရားတို့ကိုဆိုလိုခြင်းဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဖြစ်ခြင်းသည် ဇာတိ။ ဖြစ်ပြီး
ခြင်းသည် ဇရာ။ ပျက်ခြင်းသည် မရဏတရားတို့ ဖြစ်သောကြောင့်
ပင်တည်း။
၎င်းမီး ၁၁-မီးတို့သည် ခန္ဓာရှိ၍သာ ခန္ဓာ အတွင်း၌
လောင်နေကြခြင်းဖြစ်ပေသည်။
သတ္တဝါအပေါင်းတို့သည် မိမိခန္ဓာကို မီး ၁၁-မီးအလောင်
ခံနေရမှန်းသိမှသာ မီး ၁၁- မီး အလောင်မခံရရာ ဖြစ်သော
နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရလိုကြလိမ့်မည်ဖြစ်သည်။
စာရှုသူတို့သည်လည်း ဤမီး ၁၁- မီး တို့ဖြင့် အစဉ်ဒလ
စပ် လောင်ခြင်း ခံနေကြရသည်ကို သိပြီး သဘော ပေါက်ပြီး
ဖြစ်ကြပေလိမ့်မည်။
ယခုလို ဗုဒ္ဓရှင်တော်မြတ်၏ သာသနာတော် မြတ်နှင့်
ကြုံကြိုက်နေပါလျက် မီး ၁၁-မီးတို့ဖြင့် လောင်ခြင်းကို ခံနေရပြီး
ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် စသည်ဖြင့် တနည်းအားဖြင့် မွေးပြီးသေ၊
မွေးပြီးသေ စသည်ဖြင့် မွေးပြီးသေရမည့်ဘက်ကိုချည်းသာ
မရပ်မနား ပြေးလွှားသွားနေရသည့် သံသရာ ဝဋ်ဆင်းရဲ အစစ်
အမှန် တရားကြီးကိုပင်လျှင် လောကီကိစ္စလေး ပြည့်စုံလုံလောက်
ရုံမျှ ဖြင့် ချမ်းသာ၏ဟုထင်ပြီး တနည်းအားဖြင့် လူ့ဘဝ
အရတော် ၏ဟုထင်ပြီး ဘဝင်မြင့်၍ ကျေနပ်ပျော်ရွှင်နေကြသော
ပုဂ္ဂိုလ်တို့သည် မသိနားမလည်သေးသည့်ကလေးအရွယ် လူမမယ်
ဖြစ်၍လည်း နေရမည်။ သိုတည်းမဟုတ် ဉာဏ်မျက်စိ စုံလုံးကန်း
နေခြင်းကြောင့်လည်းဖြစ်ရမည်။ သို့မဟုတ်က ဉာဏ်နားမရှိခြင်း
ကြောင့်လည်း ဖြစ်ရပေတော့မည်။
မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်
No comments:
Post a Comment