🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကဿပ မြတ်စွာဘုရားလက်ထက်
တော်အခါက အလွန် ဆင်းရဲသော
မဟာဒုဂ္ဂတ(မဟာဒုဂ်) လုလင်သည်
ဆင်းရဲလွန်းသော်လည်း
ကဿပမြတ်စွာ
ဘုရားရှင်အား ငါးကြင်းသားဖြင့်
ဆွမ်းလှူ ရသော ကောင်းမှုကြောင့်
ထိုဘဝမှာပင် ချက်ချင်းအကျို းပေးကာ
ထင်ရှားသော သူဌေးကြီး ဖြစ်ရသည့်
တိုင်အောင်ကောင်းမှု အကျိုးကို
ခံစားရလေသည်။
တစ်ဘဝလုံး အလှူ ဒါန ပြုကာ
သေလွန်သောအခါ နတ်ပြည်သို့
ရောက်လေသည်။
နတ်ပြည် ၌ အကြိမ်ကြိမ် ဖြစ်ပြီးနောက် ဂေါတမမြတ်ဘုရား သာသနာ
တော်သို့ ရောက်သောအခါ
သာဝတ္ထိပြည် ရှိ အရှင်သာရိပုတ္တရာ
ကို ကိုးကွယ်သော သူဌေးမျိုး ၌ ပင်
ပဋိသန္ဓေ တည်လေသည်။
ထိူသူငယ် ကိုယ်ဝန် ရှိသောအခါ
မိခင်သည် ရှင်သာရိပုတ္တရာနှင့်တကွ
သံဃာတော် ငါးရာကို ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးလျှင် မိမိကိုယ်တိုင်
လည်း သင်္ကန်းရောင်အဝတ်ကို
ဝတ်၍ သံဃာတော်များ၏
အစွန်းတွင် နေကာ ဆွမ်းအကျန်ကို
စားလိုသောဆန္ဒပြင်းပြစွာ ဖြစ်သည်။
ထိုပြင်းပြသောဆန္ဒကို 'ချင်ခြင်း'
တက်သည် ဟု ခေါ်၏။
ထိုသို့ ချင်ခြင်း တက်တာကို
မိဘများအားပြောပြလေရာ
ထိုဆန္ဒအတိုင်းပင်
ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီး
နောက် အမျို းသမီးသည်
အကြွင်းအကျန် ကို စားသောက်လေ
သည်။ထိုသူငယ်ကိုယ်ဝန်ရှိချိန်မှစ၍
အိမ်သားအားလုံး အခိုင်းအစေများပါ
မကျန် အထူးအလိုက်သိကြအထူး အသိဥာဏ်ရှိသောကြောင့်ရက် လစေ့၍ ဖွားမြင်သောအခါသူငယ်ကို "ပဏ္ဍိတ "ဟု အမည်ပေးလေသည်။
(ပဏ္ဍိတ -ဥာဏ်ရှိသော လူလိမ္မာ )
မိခင်သည် သားလေးကို ချစ်လွန်းလှ
သဖြင့် သာ၏ အလိုဆန္ဒကို အမြဲ
လိုက်မည် ဟု စိတ်ပိုင်းဖြတ်ထားသည်။
သားလေးကိုလည်း လူတော်လူကောင်း ဖြစ်စေလိုသောကြောင့်
ငယ်စဉ်ကပင် ငါးပါးသီလ သိက္ခာပုဒ်ကို အရှင်သာရိပုတ္တရာ ထံ
ယူစေ၍ အရှင်သာရိပုတ္တရာလည်း
သိက္ခာပုဒ်များကို သင်ပေးထားသည်။
ပဏ္ဍတ သူငယ်လေး သည်
အရှင်သာရိပုတ္တရာ နှင့် အလွန်
ရင်းနှီးနေကာ အသက်( ၇)နှစ်
အရွယ် မှာတေ့ာ ရှင်သာမဏေ
ပြုလိုကြောင်း ပြောပြလေ၏။
မိခင်သည် သားကို မခွဲလိုသော်လည်း "သား၏စိတ်ကို လိုက်မည်"ဟု
စိတ်ပိုင်းဖြတ်ထားသောကြောင့်
"ကောင်းပြီ သား သင်္ကန်းဝတ်စေ
ရမည်"ဟု ဆိုကာ နံနက်ဆွမ်းခံကြွလာ
သော အရှင်သာရိပုတ္တရာအား
ဆွမ်းကပ်ပြီးလျှင် "ကလေးကို
ရှင်သာမဏေ ပြုလိုသောကြောင့်
ညနေကျရင် ကျောင်ကိုလာပို့ပါမည်"ဟု
လျှောက်လိုက်လေသည်။
ထို့နောက် ဆွေမျိုးတို့ကို ဖိတ်ခေါ်၍
သားငယ်လေးအား လူ့ဘောင်၌
ပြုထိုက်သော အရေးပါမှု များကို
အစွမ်းကုန်ပြု ပြီးလျှင် ညနေချမ်း
အချိန်တွင် ဇေတဝန် ကျောင်းတော်သို့
ပို့၍ ရှင်သာရိပုတ္တရာ ထံ အပ်လိုက်
လေသည်။
ကျောင်းတော်သို့ ရောက်သောအခါ
တစပဉ္စက ကမ္မဌာန်းကို
ပြောပြ၍ ဆင်ခြင်စေလျက်
ခေါင်းရိတ်ပေးကာ ရှင်သာမဏေ
ပြုပေးတော်မူလေသည်။
(ရှင်ပြုဖို့ ခေါင်းရိတ်ခါနီး ၌
တစပဉ္စက ကမ္မဌာန်း ကို
ထိုရှေးခေတ်ကပင် သင်ပေးလေ့
ရှိသည်)
မိဘတို့ကလည်း( ၇ )ပတ်လုံး
ကျောင်းတော်မှာပင်နေလျက်
ဘုရား အမှူ းရှိသော သံဃာတော်များ
ကို ငါးကြင်း သားဟင်းဖြင့်
ဆွမ်းကပ်ပြီးမှ အိမ်ပြန်ခဲ့ကြသည်။
မိဘတို့ မပြန်ခင် ၇ -ရက်အတွင်းမှာ
ရှင်ပဏ္ဍိတ ကလေး၏ စိတ်နေ စိတ်ထား ပြုပြင်နည်းများ အတော်များ
ရနေပြီး ဖြစ်ပေသည်။
၈-ရက်မြောက် နံနက်တွင်
ရှင်သာရိပုတ္တရာသည် ၇-နှစ်အရွယ်
ရှင်ပဏ္ဍိတ သာမဏေ ငယ်နှင့်အတူ
ဆွမ်းခံကြွတော်မူလေသော်
လမ်းခရီးကြား၌ ရေမြောင်းတစ်ခုကို
ကိုရင်ပဏ္ဍိတ မြင်၍
"အရှင်ဘုရား ဒီဟာကို ဘာခေါ်
ပါသနည်း" ဟု မေးလေသည်။
"ရေမြောင်း ခေါ်တယ် ကိုရင်"
"ဒီရေမြောင်းနဲ့ ဘာလုပ်ကြရပါလဲ
ဘုရား"
"ဒီရေမြောင်းက ရေတွေကို လယ်ယာထဲသို့ သွင်းယူပြီး လယ်လုပ်ကြရတယ်
ကိုရင်"
"ဒီရေ တွေကလူ စိတ် ရှိပါသလား"
"လူစိတ် တေ့ာ မရှိဘူး ကိုရင်"
"ဒီလို စိတ် မရှိတဲ့ ရေကို
ကိုယ် လိုချင်ရာ ယူနိုင်လို့
ရပါသလား အရှင်ဘုရား"
" အေး ရနိုင်တာပေါ့ ကိုရင်"
ဤသို့ မေးမြန်းပြီးနောက်
ကိုရင်ပဏ္ဍတ စဉ်းစားသည်မှာ
"စိတ် မရှိတဲ့ ရေ တောင် ကိုယ်လိုချင်
တဲ့နေရာ ယူဆောင်လို့ ရသေးရင်
စိတ် ရှိတဲ့ လူတွေဟာ ဘာပြုလို့
ကိုယ့်သဘောကျသလို စိတ်ကိုထား၍
တရားအားမထုတ်နိုင်ပဲ ရှိရမှာလဲ"
ဟု စဉ်းစားမိလေသည်။
ရှေ့သို့ဆက်သွားပြန်သော်
လေးသမားတွေ မြှားအကောက်ကို
မီးကင်၍ ဖြောင့်အောင် ပြင်နေကြသည်ကို မြင်ပြန်လေသော်အရှင်သာရိပုတ္တရာ ကို မေးမြန်လေရာ"ကွေးသောမြှားကို ဖြောင့်အောင် ပြုပြင်နေကြ ကြောင်း"မိန့်တော်မူလေသည်။ထိုအခါ လည်း "စိတ်"မရှိသောမြှားအကောက်ကိုတောင်
ဖြောင့်အောင်ပြင်လို့ရသေးရင်
စိတ်ရှိတဲ့ လူတွေသည် မိမိစိတ်ကို
ကိုယ့်အလိုကျအောင်ထား၍
ဘာကြောင့် တရားအားမထုတ်နိုင်ပဲ
ရှိနိုင်ပါအံ့"ဟု စဉ်းစားမိပြန်လေသည်။
ဤသို့ စဉ်းစားရင်း ရှေ့ဆက်သွား
လေသော် သစ်သားတို့ကို လှည်းဘီး
လုပ်ဖို့ရာ ပြု ပြင်နေသော
လက်သမားတို့ကို မြင်ရပြန်၍
ရှင်သာရိပုတ္တရာကို မေးပြန်ရာ
အရှင်သာရိပုတ္တရာ ကလည်း
အကြောင်းစုံကို မိန့်တော်မူလေသည်။
ထိုအခါ လည်း 'စိတ်'မရှိသော သစ်သားတွေကိုပင် အမျို းမျို းဖြစ်အောင်
ပြုပြင်၍ ရနိုင်သေးရင် စိတ်ရှိနေသူ
လူတွေသည် မိမိစိတ်ကို ကိုယ့်အလိုကျ
အောင်ထား၍ ဘာကြောင့် တရား
အားမထုတ်နိုင်ပဲ ရှိအံ့နည်း"ဟု
စဉ်းစားမိပြန်လေသည်။
ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစား
မိသောအခါ တရားအားထုတ်လိုသော
ဆန္ဒ ကပြင်းပြလှသဖြင့် အရှင်သာရိ
ပုတ္တရာ ထံ ဆွမ်းခံဆက်မလိုက်တော့ပဲ
ကျောင်းသို့ ပြန်နှင့်ရန် ခွင့်ပန်လေသည်။
အရှင်သာရိပုတ္တရာလည်း ကျောင်း
ဆောင်အပြင်ဘက်နေရင်
တစ်စုံတစ်ရာ ဖြစ်မှာစိုးသောကြောင့်
သံကောက်ကို ပေးလိုက်ပြီး
ကျောင်းအခန်းထဲမှာ နေ ရန်
မှာပြီး ပြန်လွှတ်လိုက်လေသည်။
[ရှေးခေတ်က အတွင်း၌ ရှိသော
ကန့်လန့်(မင်းတုပ်)ကို ပိတ်လို
ဖွင့်လိုရင် သံကောက်ဖြင့်လှည့်၍
ဖွင့်ရ ပိတ်ရသည်။
ယခုခေတ် သော့ မျိုး ပင်တည်း။
ကိုရင်ပဏ္ဍိတသည် ကျောင်းတိုက်သို့
ရောက်၍ ကျောင်းအခန်းတွင်းသို့
ဝင်ပြီးလျှင် မိမိခန္ဓာကိုယ်အတွင်း၌
(အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုဆင်ခြင်သော)ဝိပဿနာကို သွင်း၍အပူတပြင်း
ကြိုးစားလေတေ့ာသည်။
(ထိုအချိန်မှာ ကိုရင်ကလေးသည်
ဘာအစာမျှ မစားရသေး။
အရှင်သာရိပုတ္တရာ ဆွမ်းခံပြန်မှ
ဆွမ်းစားရတေ့ာမည်။
တရားအားထုတ်၍ မပြီးမီ
အရှင်သာရိပုတ္တရာ ပြန်ရောက်၍
ဆွမ်းကျွေးရင်လည်း တရား၏
အနှောက်အယှက် ဖြစ်ရှာတေ့ာမည်။
တရား ရပြီးမှ ဆွမ်းစားရင်လည်း
မွန်းလွဲသွားစရာ ရှိတေ့ာသည်)။
ကိုရင်လေး၏ တန်ခိုးအရှိန်သည်
တာဝတိ ံသာနတ်ပြည်က
သိကြားမင်းအား အသိပေးသကဲ့သို့
ဖြစ်နေ၏။
ထိုကြောင့် သိကြားမင်းသည်
ကိုရင်လေး၏ အကြောင်းအရာကို
ဆင်ခြင်သောအခါ တရားအားထုတ်
နေပုံမှစ၍ အလုံးစုံကို မြင်ရကား
စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးကို
ခေါ်၍(အသံကြားရင် သမာဓိပျက်မည်
စိုးသောကြောင့်)ကျောင်းအနီး၌
ငှက်သံ စသည်ကို မကြားရအောင်
စောင့်ရှောက်စေသည်။
မြတ်စွာဘုရားသည် ထိုနေ့၌
ခပ်စောစော ဆွမ်းဘုန်းပေးတော်မူပြီး
လျှင် တရားအားထုတ်နေသော
ကိုရင်ပဏ္ဍိတ ကို ဆင်ခြင်တော်မူ၍
"ယနေ့ပင် ရဟန္တာဖြစ်လိမ့်မည်"ဟု
မြင်တော်မူလေသည်။
သို့သော် အရှင်သာရိပုတ္တရာ
ပြန်လာ၍ တရားအားထုတ်နေသော
သာမဏေ ကို ဆွမ်းကျွေးရင်
တရားအပြီးအဆုံး မရောက် မည်ကိုလည်း မြင်တော်မူသောကြောင့်
အရှင်သာရိပုတ္တရာ လာမည့်တံခါး
ပေါက်သို့ ကြွ၍ နေတော်မူလေသည်။
အရှင်သာရိပုတ္တရာလည်း
ကိုရင်ကလေးကို ပြန်လွှတ်ပြီးနောက်
ဆွမ်းခံဝင်တော်မူလေသည်။
ကိုရင်လေး၏ရှေးဘုန်းရှေးကံကြောင့်
အရှင်သာရိပုတ္တရာ ကို အထူးကြည်ညို
သော အိမ်က ငါးကြင်းသားဟင်းဖြင့်
ဆွမ်းကပ်ရန် မျှော်နေစဉ်
အရှင်သာရိပုတ္တရာ ကိုမြင်၍
ဝမ်းမြောက်စွာ ဆွမ်းကပ်လေသော်
အရှင်သာရိပုတ္တရာသည်
အိမ်မှာပင် ဆွမ်းဘုဉ်းမပေးပဲ
ကျောင်းသို့သာ ယူသွားမည့်
အခြင်းအရာ ကို ပြလေသည်။
အိမ်သူ အိမ်သားတို့ကလည်း
"အရှင်ဘုရား ဒီမှာ ဆွမ်းဘုန်းပေး
တော်မူပါ။ပြန်ကြွတေ့ာလည်း
ထည့်ပေးလိုက်ပါဦးဘုရား"ဟု
လျှောက်ကြသဖြင့် ဘုန်းပေးတော်မူ
ပြီးလျှင် နောက်ထပ်ထည့်လှူ အပ်သော
ငါးကြင်းသားဟင်းနှင့် ဆွမ်းကိုယူ၍
ပြန်ကြွတော်မူလေသော်
တံခါးမုခ်ပေါက်၌ ဘုရားရှင်နှင့်
တွေ့သဖြင့် ရုတ်တရက် ရှေ့တိုး၍
မကြွသာပဲ ဖြစ်နေရလေသည်။
ကိုရင်ပဏ္ဍိတ ကလည်း ထိုအချိန်မှာ
သောတာပန် သကဒါဂါမ် အနာဂါမ်
တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစား နေခိုက် ဖြစ်လေသည်။
ထို့ကြောင့် ဘုရားရှင်သည်
အရှင်သာရိပုတ္တရာ မကြွသာအောင်
အချိန်ဆွဲထားတော်မူလို၍
ပြဿနာ ၄ -ရပ်ကို မေးတော်မူ
လေသည်။
အရှင်သာရိပုတ္တရာလည်း
ဘုရားနှင့်စပ်လာလျှင် အောင်မြင်မည်
သာဟု ယုံကြည်ရင်းစွဲ ရှိသောကြောင့်
ဘုရားမေးအပ်သောပြ ဿ နာ ၄-
ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူ
လေ၏။
ထိုပြဿနာကိုဖြေဆို၍ ပြီးချိန်မှာပင်
ကိုရင်လေးသည် ရဟန္တာဖြစ်လေသည်။
အရှင်သာရိပုတ္တရာလည်း
ဘုရားထံမှ သွားခွင့်ရ၍ ကျောင်းသို့
သွားပြီးလျှင် ကျောင်းတံခါးကို
ခေါက်လိုက်ရာ ပွင့်သစ်စပဒုမ္မာကြာ
ပန်းအသွင် အလွန်ကြည်ညိုစွာ
ထွက်လာသော ၇-နှစ်အရွယ်
ရဟန္တာ သာမဏေ ငယ်ကို မြင်ရ၍
ရွှင်ပျသော မိဘသဖွယ်
သာမဏေငယ်ကို ယုယစွာ
ဆွမ်းကျွေးတော်မူလေသည်။
ရုပ်ပုံရှင်ကျင့်ဝတ်(နှာ ၉၅-၁၅၂)
ရှင်ပဏ္ဍိတ အကြောင်း။
ညောင်ရမ်းသား(ဓမ္မအလင်း)
အရှင်ပညာစာရ { က လော }
No comments:
Post a Comment