📜 သာသနာ ကွယ်ကြောင်း (၁၅) ပါး 📜
အင်္ဂုတ္တိုရ်လာ ၊ သာသနာကွယ်ကြောင်း ၊ တရားပေါင်းကား ~
၁။ရဟန်းများတို့ ၊ တရားမနာ
၂။စာပေမသင်
၃။နှုတ်တွင် မဆောင်
၄။သိအောင် မမှတ်
၅။ပဋိပတ်ကွာ ၊ ဤငါးဖြာတည်း ။
နောင်လာထို့ပြင်~~~
၁။စာသင်ပယ်လျှော ၊
၂။ကျယ်မဟောကြ၊
၃။ကျယ်မချနှင့် ၊
၄။ကျယ်စွာ့ မအံ ၊
၅။မကြံ မစည် ၊ ဤငါးလီတည်း ။
ဝါတစ်နည်းမှာ~~~
၁။အက္ခရာပုဒ်ပျက် ၊ လေ့ကျက်သင်ကြ ၊
၂။ဆုံးမ မယူ ၊
၃။စာချသူရှား ၊
၄။လာဘ်များအောင်ကြံ
၅။ခိုက်ရန်ကွဲပြား ၊ ဤငါးပါးသည် ၊
ဘုရားသာသနာ ကွယ်ကြောင်းတည်း ။
မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး
No comments:
Post a Comment