စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

လူသုံးမျိုး

🌻🌺🌻လူ (၃) မျိုး 🌻🌺🌻

လူဆိုတာ (၃) မျိုးရှိတယ် ...

၁။ ကုသိုလ်မရ ဝမ်းမဝတဲ့ 
အောက်တန်းစားလူကတစ်မျိုး ။

ပါဠိလိုတော့ 'အန္ဓ' လို့ခေါ်တယ် ၊
ပညာမျက်စိနှစ်ဖက်ကန်းသူပေါ့ ။

ဘဝကိုကြုံသလို ရေစုန်မျှောပြီးသွားနေတာ ၊
ရည်ရွယ်ချက်ကလည်းမရှိ ၊
လုပ်ငန်းမှာ စည်းရယ်ကမ်းရယ် ၊ 
မူရယ်ဘောင်ရယ်လို့လည်း
ဘာမှသတ်သတ်မှတ်မှတ်မရှိ
ကြုံသလိုသွားနေတဲ့သူ ။

၂။ ကုသိုလ်မရ ဝမ်းသာဝတဲ့
အလတ်တန်းစားလူကတစ်မျိုး ။

ပါဠိလိုတော့ 'ဧကစက္ခု' လို့ခေါ်တယ်၊မျက်စိတစ်ဖက်ပဲပါတယ် ၊
ပစ္စုပ္ပန်ဘဝ ခန္ဓာရပ်တည်ရေးအတွက်မျက်စိတစ်လှမ်းလေးသာ ကြည့်နိုင်တဲ့ (မျက်စိတစ်ဖက်သာပါတဲ့) ပုဂ္ဂိုလ် ။

လောကုတ္တရာအထိ ကြည့်နိုင်တဲ့
ပညာမျက်စိမပါဘူး ၊မျက်စိတစ်ဖက်သာပါတယ် ။
သူကျတော့ဝမ်းဝအောင်တော့
ကျွေးနိုင်တယ် ၊ကုသိုလ်ကိုလေးလေးနက်နက် တန်ဖိုးမထားလို့ကုသိုလ်တော့မရဘူး ။ မျက်စိမှိတ်လ်ိုက်တာနဲ့ စိတ်မအေးစရာတွေ တန်းစီလာကြမှာပေါ့ ။

၃။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အထက်တန်းစားပုဂ္ဂိုလ်ကတစ်မျိုး ။

ပါဠိလိုတော့ ' ဒွိစက္ခု '
မျက်စိနှစ်ဖက်ပါတဲ့လူ ။

ပစ္စုပ္ပန်ကိုမြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ၊ သံသရာက်ိုမြင်အောင်ကြည့်နိုင်တဲ့ မျက်စိလည်းပါတယ် ၊ ကိုယ့်အတွက်မြင်အောင်ကြည့်နိုင်တဲ့ မျက်စိလည်းပါတယ် ။

လောကီအတွက် မြင်အောင်ကြည့်နိုင်တဲ့ မျက်စိလည်းပါတယ် ၊လောကုတ္တရာအတွက် မြင်အောင်ကြည့်နိုင်တဲ့ မျက်စိလည်းပါတယ် ၊ ဘက်စုံမြင်အောင်ကြည့်နိုင်တဲ့
မျက်စိလည်းပါတယ် ။

သူကျတော့ ကုသိုလ်လည်းရဝမ်းလည်းဝ ၊ ဘာပဲလုပ်လုပ် သူကတော့ ကုသိုလ်နဲ့ကင်းတဲ့အချိန်မရှိဘူး ၊ စားဝတ်နေရေးအလုပ်ဟာလည်းကုသိုလ်ပဲ ၊ ဘာပဲလုပ်လုပ် ကုသိုလ်ရအောင်လိမ်မာပါးနပ်စွာ ယူတတ်တဲ့ပုဂ္ဂိုလ် ။

🙏🙏🙏 ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ 
( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာအကျော် ဝိနယပါဠိပါရဂူ 
ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူ ) 
🙏🙏🙏

Credit...

No comments:

Post a Comment