👏 👏 👏 👏 👏
❌ဟိုင်း ……
✔ဒကာကြီး မင်္ဂလာပါလို့နှုတ်ဆက်ပါ
❌မသိလို့ပါ ……
✔မသိရင်တော့ မှတ်ထားလိုက်ပါ ဒကာကြီး
အခု ဦးဇင်းတစ်ပါးတည်းတင် မင်္ဂလာပါလို့
နှုတ်ဆက်ရမှာမဟုတ်ဖူး __
အွန်လိုင်းပေါ်မှာက ကိုယ်နဲ့သိသူ /မသိသူ
အများပြားရှိသလို။ ငယ်တဲ့သူ /ကြီးတဲ့သူတွေလဲ
ကိုယ့်အကောင့်ထဲမှာ ရှိနေတက်တာပဲ
ဘယ်သူ့ဆီကိုပဲ ကိုယ်က နှုတ်ဆက်နှုတ်ဆက်
မင်္ဂလာပါ……လို့နှုတ်ဆက်တက်ရမယ်။
❌ဘာဖြစ်လို့ ဦးဇင်းကလည်း ……
✔ဘာဖြစ်ရမှာလည်း
အဲဒီမင်္ဂလာပါ ဆိုတာက မြန်မာ့အမွေနှစ်ဖြစ်သလို
အဲဒီမင်္ဂလာပါဆိုတာက ဗုဒ္ဓရဲ့စကားတော်
ဖြစ်နေခြင်းကြောင့်ပဲ။
မင်္ဂလာပါ……လို့နှုတ်ဆက်လိုက်ခြင်းမျိုးက
ပေါ့ပေါ့သေးသေးမမှတ်လိုက်လေနဲ့
ဗုဒ္ဓတရားတော်တွေကို ထိန်းသိမ်းပေးခြင်းဖြစ်သလို
မြန်မာ့ယဉ်ကျေးမှုအမွေနှစ်ကိုလည်း
စောက်ရှောက်ပေးရာရောက်ပါတယ်
ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦးဆုံဖြစ်တဲ့အခါ
နှုတ်ဆက်ကြတဲ့အခါ မင်္ဂလာပါလို့
ဒကာကြီးကို နှုတ်ဆက်ခိုင်းတာပေါ့။
❌မှန်ပါ့ တပည့်တော်မှတ်ထားလိုက်ပီဘုရား
တကယ်လည်းမသိခဲ့လို့ပါဘုရား ……
❌ဒါနဲ့ မင်္ဂလာဆိုတာ ဘာကိုပြောတာလည်းဘုရား
တစ်ခြားသူတွေမေးရင်လည်း ရှင်းပြလို့ရအောင်
တပည့်တော်လည်း ဗဟုသုတရအောင်ပါဘုရား။
✔ဟုတ် ဒကာကြီး လိုရင်းလောက် ရှင်းပြပေးပါ့မယ်
"မင်္ဂ ံ ပါပံ လုနာတိ စိန္တတီတိ မင်္ဂလံ" တဲ့
ငါသည် ယနေ့တနေ့အဖို့၌
ဖြစ်ပြီးသားအကုသိုလ်များကိုပယ်ဖြတ်မယ်
မဖြစ်သေးသော ကုသိုလ်တရားများရဖို့အတွက်
တစ်ပါးသူတွေအပေါ်ကို __
ကိုယ်ဖြင့်ယဉ်ကျေးခြင်း
နှုတ်ဖြင့်ယဉ်ကျေးခြင်း
စိတ်ဖြစ်ယဉ်ကျေးခြင်း
ယဉ်ကျေးမှု သုံးမျိုး တစ်မျိုးမျိုးဖြင့်
ကုသိုလ်ဖြစ်အောင်နေထိုင်မယ်လို့
မင်္ဂလာ ဆိုတာက အဲဒီလို
အဓိပ္ပါယ်ရပါတယ် ဒကာကြီး။
❌မှန်ပါ့ တပည့်တော် အသိတိုးရပါတယ်ဘုရား
မင်္ဂလာပါ လို့ နှုတ်ဆက်ရင်
နှုတ်ဆက်သူတွေမှာ __
ဘယ်လိုအကျိုးများရသလည်းဘုရား။
✔မင်္ဂလာ……လို့နှုတ်ဆက်သူတွေမှာ
ရရှိနိုင်တဲ့အကျိုးတရားတွေရှိတာပေါ့ ဒကာရယ်
အဲဒါတွေက ……
၁။မိမိ၏စိတ်သည် ယဉ်ကျေးလာခြင်း။
၂။မိမိ၏မာန်မာနတရားများ နှိမ်နှင်းတက်လာခြင်း။
၃။ကုသိုလ်တရားများ တိုးပွားလာခြင်း။
၄။မိတ်ဆွေပေါများလာခြင်း။
၅။ရောက်တဲ့အရပ်မှာ လူချစ် လူခင်ပေါခြင်း။
၆။သေလွန်းရင် သုဂတိဘုံသို့လားရခြင်း။
မင်္ဂလာပါလို့နှုတ်ဆက်သူတွေမှာ
ရရှိသွားစေတဲ့ အကျိုးတရားတွေပဲ ဒကာကြီး
❌မှန်ပါ့ တပည့်တော်နားလည်ပါပြီဘုရား
ယခုကစပြီး လိုင်းပေါ်မှာ
ရဟန်းသံဃာပဲဖြစ်ဖြစ်
လူပုဂ္ဂို လ်ပဲဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှုအမွေနှစ်နဲ့
ဗုဒ္ဓရဲ့စကားတော် တရားတော်ကိုများကိုလည်း
ထိန်းသိမ်းတဲ့အနေဖြင့် မင်္ဂလာ လို့
နှုတ်ဆက်ပါတော့မယ်ဘုရား ……
✔သာဓု သာဓု သာဓုပါ ဒကာကြီး
ဒါ့ကြောင့် ……အားလုံး 🌼 မင်္ဂလာပါလို့ 🌼
စာရေးသူက နှုတ်ဆက်ပါတယ်
ပြန်နှုတ်ဆက်ခဲ့ပါဦး ………
ဖန်ခါးမြေအရှင် ✍👸
No comments:
Post a Comment