⚜️✡️✡️✡️✡️✡️✡️✡️✡️✡️✡️⚜️
ဘာဝနာဆိုသည်မှာ
★★★★★★★
ဘာဝေတဗ္ဗာတိ ဘာဝနာ
ဘာဝေတဗ္ဗာ = တစ်ကြိမ်ဖြစ်ပြီးနောက်
ထပ်ကာထပ်ကာ တိုးပွားဖြစ်စေထိုက်၏။
ဣထိ = ထို့ကြောင့် ။ ဘာဝနာ = ဘာဝနာမည်၏။
လွန်စွာ အကျိုးများသဖြင့် မိမိတို့၏ သန္တာန်၌ အဖန်ဖန် ဖြစ်စေထိုက်သောတရားကို
ဘာဝနာဟုခေါ်သည်။ ထိုဘာဝနာကို မိမိသန္တာန်၌
ဖြစ်ပေါ်လာအောင် တိုးပွားလာအောင်
အားထုတ်မှုကို ' ဘာဝနာပွားခြင်းဟုခေါ်သည်။
'အလွန်တရာ အကျိုးများ ဖြစ်ပွားစေအပ်
တရားမြတ် မှတ်လေဘာဝနာ '' (အရှင်ဇနကာ ဘိဝံသ)
ကမဋ္ဌာန်းဆိုသည်မှာ
================
ကမ္မဿဌာနံ ကမ္မဋ္ဌာနံ
ကမဿ - ဘာဝနာ အားထုတ်မှု၏
ဌာနံ = တည်ရာအာရုံသည်။
ကမ္မဋ္ဌာနံ = ကမ္မဋ္ဌာန်းမည်၏။
သမထဘာဝနာ၏ ပထဝီကသိုဏ်းစသော
အာရုံတို့သည်လည်းကောင်း ဝိပဿနာဘာဝနာ၏
နာမ်ရုပ်စသော အာရုံတို့သည်လည်းကောင်း
'ကမ္မဋ္ဌာန်း' ဖြစ်သည်။
ထို့ကြောင့် သမထကမ္မဋ္ဌာန်းနှင့်
ဝိပဿနာကမ္မဋ္ဌာန်း ဟူ၍ နှစ်မျိုးရှိသည်။
ကမ္မဋ္ဌာန်းသည် အာရုံကမ္မဋ္ဌာန်း ၊ အာရမ္မဏိက
ကမ္မဋ္ဌာန်းဟူ၍ နှစ်မျိုးကွဲပြားသည်။
ပထဝီကသိုဏ်းစသော သမထဘာဝနာ၏ အာရုံများနှင့် တေဘသမကသင်္ခါရဟူသော အနိစ္စ ဒုက္ခ အနတ္တ အာရုံများသည် အာရုံကမ္မဋ္ဌာန်းများဖြစ်ကြသည်။ ပွားများအားထုတ်မှုသည် အာရမ္မဏိက ကမ္မဋ္ဌာန်းဖြစ်သည်။
ရှေးရှေးအားထုတ်မှုကို အခြေတည်၍ နောက်နောက်အားထုတ်မှုများဖြစ်ကြသဖြင့် ရှေးရှေးအားထုတ်မှုသည် နောက်နောက်အားထုတ်မှုဟူသော
ကမ္မ၏တည်နေရာဌာနဖြစ်သည်။
(သို့) ရှေးရှေးအားထုတ်မှုသည်
နောက်နောက်အားထုတ်မှု၏ ကမ္မဋ္ဌာန်းဖြစ်သည်။
သမထကမ္မဋ္ဌာန်း
🍁🍁🍁🍁
သမထကမ္မဋ္ဌာန်း၏ တရားကိုယ်သည်
လောကီကုသိုလ် ကြိယာစိတ်တို့၌ ယှဉ်သည့်
ဧကဂ္ဂတာစေတသိတ်ပင်ဖြစ်သည်။
ကိလေသေ သမေတိ သမထော
ကိလေသေ = ကိလေသာတို့ကို။
သမေတိ = ငြိမ်းစေတတ်၏။
ဣထိ =ထို့ကြောင့်။ သမထော = သမထမည်၏။
သမာဓိမရခင်စိတ်သည် အာရုံအမျိုးမျိုးတို့ကို
ယူနေရသဖြင့် စိတ်မငြိမ်မသက်ရှိသည်။
အာရုံတစ်ခု၌ စိတ်သည် ငြိမ်သက်သွားသောအခါ
ထကြွသောင်းကျန်းနေသော နီဝရဏ
ကိလေသာတို့သည် ငြိမ်သက်အေးမြစေကုန်၏။
ပစ္စနီကဓမ္မေ စျာယတီတိ စျာနံ
ပစ္စနီကဓမ္မေ = ဆန့်ကျင်ဘက် နီဝရဏ တရားတို့ကို။
စျာယတီတိ = လောင်မြိုက်တတ်၏။
ဣထိ = ထို့ကြောင့်။ စျာနံ = စျာန်ဟုခေါ်သည်။
ဝိတက်သည် ထိနမိနကိုလောင်မြိုက်၏။
ဝိစာရသည် ဝိစိကိစ္ဆာကို လောင်မြိုက်၏။
ပီတိသည် ဗျာပါဒကို လောင်မြိုက်၏။
သုခသည် ဥဒ္ဒစ္စ ကုက္ကုစကို လောင်မြိုက်၏။
ဧကဂ္ဂတာသည် ကာမစ္ဆန္ဒကို လောင်မြိုက်၏။
ပထမစျာန်သည်နီဝရဏတရား ငါးပါးကို ပယ်စွန့်သည်။ ဒုတိယစျာန်သည် ဝိတက်ကို ပယ်စွန့်သည်။
တတိယစျာန်သည် ဝိစာရကို ပယ်စွန့်သည်။
စတုတ္ထစျာန်သည် ပီတိကို ပယ်စွန့်သည်။
ပဉ္စမစျာန်သည် သုခကို ပယ်စွန့်သည်။
ကသိဏာဒိအာရာမဏံ စျာယတိ ဥပနိဇ္ဈာယတီတိ
စျာနံကသိဏာဒိအာရာမဏံ = ကသိုဏ်းစသောအာရုံကို။ စျာယတိ ဥပနိဇ္ဈာယတီတိ = စူးစိုက်စွာရှုတတ်၏။
ဣထိ = ထို့ကြောင့်။ စျာနံ = စျာန်ဟုခေါ်သည်။
စူးစိုက်သမှု ကပ်၍ရှု စျာန်ဟုခေါ်သတတ်(မဟာစည်)
စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်
စျာန်ဟုခေါ်သတတ် (လယ်တီဆရာတော်)
ကိုယ်အင်္ဂါအပေါင်းကို 'ကိုယ်' ဟုခေါ်သကဲ့သို့
စျာန်အင်္ဂါအပေါင်းကို စျာန်ဟုခေါ်သည်။
သမာဓိ နာမ သဥပစာရာ အဋ္ဌသမာပတ္တိယော
သဥပစာရာ = ဥပစာသမာဓိနှင့်တကွ
အဋ္ဌသမာပတ္တိယာ = ရှစ်ပါးသော သမာပတ်ကို
သမာဓိနာမ = သမာဓိဟုခေါ်သည်
ဥပစာစျာန်နှင့် အပ္ပနာစျာန်တို့ကို သမာဓိဟုခေါ်သည်။
သမီပေ စရတိ ပဝတ္တတီတိ ဥပစာရော
သမီပေ = အပ်ပနာ ဘာဝနာအနီး၌။
စရတိ ပဝတ္တတိ = ဖြစ်နေသောစိတ်ကို။
ဥပစာရော = ဥပစာစျာန်ဟုခေါ်သည်။
အိမ်၏အနီးအပါး ရှေ့မျက်နှာသာအရပ်ကို
'အိမ်ဥပစာ' ဟုခေါ်သကဲ့သို့ အပ္ပနာစျာန်
အနီးအနားဖြစ်သောစိတ်ကို 'ဥပစာစျန်' ဟုခေါ်သည်။
အပ္ပောတိ နိဝိသတိ ဣထိ အပ္ပနာ
အပ္ပောတိ နိဝိသတိ = ဥပစာဘာဝနာထက်
လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ တည်နေ၏။
ဣထိ = ထို့ကြောင့်။ အပ္ပနာ = အပ္ပနာစျာန်မည်၏။
စိတ္တံ အာရာမဏေ အပ္ပေတိ အဘိနိရောပေတီတိ
အပ္ပနာစိတ္တံ = ယှဉ်ဖက်စိတ်ကို။ အာရာမဏေ = အာရုံ၌။ အပေတိ = အပ်နှံတတ်၏။
အဘိနိရောပေတိ = ရှေ့ရှုတင်တတ်၏။
ဣထိ = ထို့ကြောင့်။ အပ္ပနာ = အပ္ပနာမည်၏။
ဥပစာသမာဓိသည် စျာန်အင်္ဂါတို့ အားနည်းသည်။ လမ်းလျှောက်တတ်စကလေး ခဏခဏလဲသကဲ့သို့
စျာန်မှ မကြာခဏ ကျသည်။ အပ္ပနာသမာဓိသည်
စျာန်အင်္ဂါတို့ အားရှိကုန်သည်။ လမ်းလျှောက်တတ်သောလူကြီးသည် တစ်နေ့လုံးရပ်နိုင်သကဲ့သို့
စျာန်၌ တစ်နေ့လုံးတည်နေနိုင်သည်။
ပထမစျာန် ဒုတိယစျာန် တတိယစျာန်
စတုတ္ထစျာန် ပဉ္စမစျာန်တို့သည် ရူပစျာန်များဖြစ်သည်။ အကာသနဉ္စာယတနစျာန် ဝိဉာဏဉ္စာယတနစျာန်
အာကိဉ္စညာယတနစျာန် နေဝသညာနာသညာ
ယတနစျာန်တို့သည် အရူပစျာန်များဖြစ်ကြသည်။
ဝိပဿနာ ကမ္မဋ္ဌာန်း
🌿🌿🌿🌿
ဝိပဿနာ ကမ္မဋ္ဌာန်း၏ တရားကိုယ်သည်
မဟာကုသိုလ် ကြိယာစိတ်တို့၌ ယှဉ်သည့်
ပညိနြေ္ဒစေတသိတ်ဖြစ်သည်။
ပညတ္တိံ ဌပေတွာ အနိစ္စာဒိ အကာရေန
ဝိဝိဓံ ပဿတီတိ ဝိပဿနာ
ပညတ္တိံ = ပညတ်ကို။ ဌပေတွာ = ဖယ်ထား၍။
အနိစ္စာဒိ အာကာရေန = အနိစ္စ စသောအခြင်းအရာဖြင့်။ ဝိဝိမံ = အထူးထူး အပြားပြား။ ပဿတိ = ရှုအပ်၏။
ဣတိတသ္မာ = ဤအကြောင်းကြောင့်။
ဝိပဿနာ = ဝိပဿနာမည်၏။
ဝိပဿနာရှု့ရာတွင် ပညတ်ကို မရှု့ရတော့ပဲ
ပရမတ်ကိုသာ ရှု့ရတော့သည်။ ရုပ်ကမ္မဋ္ဌာန်းကို
ရှုပွားရာတွင် ခန္ဓာကိုယ်၌ ဖွဲ့စည်းထားသော
ရုပ်တရားများကို ပိုင်းခြားသိမြင်အောင်ပွားများရ၍
နာမ်ကမ္မဋ္ဌာန်းရှု့ပွားရာတွင် ဒွါရ ၆ ပါး၌
ဖြစ်ပေါ်လာသော အာရုံခြောက်ပါးကို ရှုပွားရသည်။
ဝိဝိဓနေ အနိစ်စာဒိ အာကာရနေ ပဿတီတိ ဝိပဿနာ
ဝိဝိဓေန = အထူးထူးသော
အနိစ္စာဒိ အာကာရေန = အနိစ္စ ဒုက္ခ အနတ္တဟူသော အခြင်းအရာအားဖြင့်။
ပဿတိ = ရှုတတ်၏
ဣထိ = ထို့ကြောင့်
ဝိပဿနာ = ဝိပဿနာမည်၏။
ဘုံသုံးပါး၌ ထင်ရှားရှိသော တေဘူမက ရုပ်နာမ်တို့ကို အနိစ္စ ဒုက္ခ အနတ္တဟုရှုမြင်တတ်သောဉာဏ်ကို
ဝိပဿနာဟုခေါ်သည်။
အနုပဿနာ = အနု + ပဿနာ =
အဖန်ဖန် + ရှု့တတ်သောဉာဏ်
အနိစ္စာ နုပဿနာ = အနိမိတ္တာ နုပဿနာ
ပုံသဏ္ဌာန်မရှိဟု ရှု့တတ်သောဉာဏ်
ဒုက္ခနုပဿနာ = အပ္ပဏိဟိတာ နုပဿနာ
တောင့်တဖွယ်သုခမရှိဟု ရှု့တတ်သောဉာဏ်
အနတ္တာနုပဿနာ = သုညတနုပဿနာ
အတ္တမှ ကင်းဆိတ်၏ဟု ရှုတတ်သောဉာဏ်
ကျမ်းကိုးစာရင်း
(၁) ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နှင့် ဝိသုဒ္ဓိမဂ်မဟာဋီကာ
(၂) အခြေပြုသင်္ဂြိုလ် နှင့် သင်္ဂြိုလ်ဘာသာဋီကာ
(၃) ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် နှင့် တက္ကသိုလ် အဘိဓမ္မာပေါင်းချုပ်
https://m.facebook.com/story.php?story_fbid=149650967494052&id=100073474487916
⚜️💐💐💐💐💐⚜️⚜️
Creadit . . . .
📖 မေတ္တာဖြင့်...
No comments:
Post a Comment