● တစ်ခါတုန်းက ရောဂါသည် ဆရာဝန်တစ်ယောက်အကြောင်း ပြောပြရဦးမယ်၊ သူ့ရောဂါက သေးသေးမဟုတ်ဘူး၊ အသည်းခြောက်တဲ့ရောဂါ၊ အသည်းခြောက်ရင်တော့ နည်းနည်းပါးပါး ကုစားလို့ရသေးတယ်၊ သို့သော်လည်း အသည်းခြောက်တဲ့အဆင့်တွင်မကဘူး၊ အသည်းကင်ဆာအဆင့် ရောက်သွားတယ်၊ ထိုဆရာဝန်ကို မိသားစုက မပြောရက်လို့ မပြောကြဘူး၊ ဆရာဝန်ကလည်း ဆေးစားရင် ပြန်ကောင်းလာနိုးနဲ့ ဒီလိုနေတယ်၊
● နောက်ပိုင်းရောက်လာတဲ့အခါကျတော့ အခြေအနေက ဆ်ိုးသထက်ဆိုးလာတယ်၊ သူလည်း ဆရာဝန်ပဲဆိုတော့ ရိပ်မိတာပေါ့၊ `ငါဟာ ရိုးရိုး အသည်းခြောက်တာ မဟုတ်ဘူး၊ အသည်းကင်ဆာဖြစ်နိုင်တယ်၊ အသည်းကင်ဆာဆိုရင် ဘယ်နှစ်ရက်လောက်ခံမယ်´လို့ သူ့ကိုယ်သူ သိလာတယ်။
● အဲဒီအခါကျမှ ဝမ်းနည်းစကားပြောတယ်ဆိုတာ တခြားဆရာဝန်တစ်ဦးဆီကတစ်ဆင့် ဘုန်းကြီးတို့ ကြားခဲ့ရဖူးတယ်။ ဘယ်လို ဝမ်းနည်းစကားပြောတုန်း၊ `ကျွန်တော် မသေချင်သေးဘူးဗျာ´ တဲ့၊ `ကျွန်တော် ကုသိုလ်ကောင်းမှု ဘာမှ မလုပ်ရသေးဘူး´တဲ့၊ ဟုတ်လား၊ အဲဒီလို မဖြစ်စေရဘူးပေါ့နော်။
⃣ 👉 အိုဖို့၊ နာဖို့၊ သေဖို့ ever ready ဖြစ်နေရမယ်၊ ဘာဖြစ်တုန်း၊ ကိုယ့်မှာ လုပ်ထားပြီးပြီ အကုန်လုံး၊ ကုသိုလ်တွေ အများကြီးရှိတယ်၊ ဟော အဲဒီလိုကျတော့ ကြောက်စရာမရှိတော့ဘူးနော်။
🌄 (ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်) 🌄
📕 𝓓ʰ⍺⫙⫙⍺ ╤ʰ𝗨╤⍺
No comments:
Post a Comment