စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဘုရားရှိခိုးချင်စိတ်ပျောက်နေလျှင်

❝ ဘုရားရှိခိုးချင်စိတ် ပျောက်နေလျှင် ❞

တစ်ခါတလေ ဘုရားရှိခိုးချင်စိတ်
ပျောက်နေတာမျိုးတွေ ဖြစ်ဖူးကြလား
အဲလိုဖြစ်ရခြင်းက အကြောင်းအရင်းတွေရှိပါတယ်။

၁။ အကုသိုလ်စိတ်များရင်ဖြစ်တတ်ပါတယ်။

၂။ ဒေါသများရင် ဖြစ်တတ်ပါတယ်။

၃။ ဘုရားခန်းရဲ့ အပူအအေးမမျှတရင်လည်း 
ပင်ပန်းနွမ်းနယ်ပြီး ဘုရားရှိခိုးချင်စိတ်
ပျောက်တက်ပါတယ်။

၄။ အလုပ်အရမ်းပင်ပန်းနေတဲ့
အခါမျိုးတွေမှာလည်း ဘုရားမရှိခိုးချင်ပါဘူး။

၅။ စိတ်အရမ်းပင်ပန်းနေရတဲ့
အချိန်မျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။

၆။ ပိုက်ဆံငွေကြေး ပေါများတဲ့အချိန်တွေမှာ
အပျော်လွန်ပြီး ဘုရားရှိခိုးချင်စိတ်တွေ
ပျောက်တက်ပါတယ်။

၇။ ဘုရားရှိခိုးမယ့် ပတ်ဝန်းကျင် 
အသံဆူညံနေရင်လည်း ရှိခိုးချင်စိတ်ပျောက်ပါတယ်။

၈။ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ 
အနံ့အသက်တွေ ရှိနေရင်လည်း စိတ်ကမလန်းပါဘူး။

၉။ အိမ်မှာ ဆူဆူပူပူတွေ ဖြစ်နေရင်လည်း 
ဘုရားရှိခိုးဖို့ မအေးချမ်းလို့ မရှိခိုးဖြစ်ပါဘူး။

၁၀။ ကိုယ်ထိုင်ရှိခိုးမယ့်နေရာ မသန့်ရှင်း 
ရှုတ်ပွနေရင်လည်း ရှိခိုးချင်စိတ်ပျောက်တတ်ပါတယ်။

၁၁။ ဧည့်သည်တွေ ရောက်နေတဲ့ 
အခါမျိုးတွေမှာလည်း ဘုရားရှိခိုးဖို့ ပျက်တတ်ပါတယ်။

၁၂။ အိပ်ရေးမဝရင်လည်း 
စိတ်မပါတာမျိုးတွေဖြစ်တတ်ပါတယ်။

၁၃။ အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက် နားချိန်သေချာမနားတာရယ်လူမှုရေး စီးပွားရေးတွေကြောင့် စိတ်ပင်ပန်းနေတာတွေ 
စုံသွားရင်လည်း ဘုရားရှိခိုးချင်စိတ်တွေပျက်ပါတယ်။

၁၄။ ဆီး ဝမ်း သွေး လေ မမှန်ကန်လို့ 
ငြီးစိစိကြီးဖြစ်နေတာမျိုးတွေလည်းဖြစ်တက်ပါတယ်။

ဒါကြောင့်မိုလို့ အချိန်အခါလေးတွေကို 
မျှမျှတတလေးအသုံးပြုပြီး မိမိကိုယ်တိုင်က
အေးချမ်းအောင်အတတ်နိုင်ဆုံးနေတတ်မှသာ ပတ်ဝန်းကျင်လည်းအေးချမ်းမှာပါ။

ဘုရားမရှိခိုးခင် မျက်နှာသစ် သွားတိုက် 
ကိုယ်လက်သန့်စင်ပါ။ အဝတ်အစားအသစ်ဝတ်ပါ။ 

ရေမွှေးအနည်းငယ်ဆွတ်ပါ။ 

ကိုယ်ထိုင်ရှိခိုးမယ့် ပတ်ဝန်ကျင် သန့်ရှင်းနေပါစေ။ 

တိတ်ဆိတ်တဲ့အချိန် ကိုရွေးချယ်ပါ။

အခန်းအပူချိန်ကို ဘုရားမရှိခိုးခင် 
အဲယားကွန်းသို့မဟုတ် ပန်ကာတို့ဖြင့် ဖွင့်ထားပြီး 
အပူအအေးမျှတနေပါစေ။ 

ဖုန်းတွေအကုန် ပိတ်ထားပါ။ 

အပြင်ကအသံတွေ အတတ်နိုင်ဆုံးမဝင်အောင်
တံခါးတွေကို အဆင်ပြေသလို ပိတ်ထား 
ဖွင့်ထားနိုင်ပါတယ်။ 

ပထမဆုံး ငါးပါးသီလခံယူဆောက်တည်ပြီး
မေတ္တာသုတ် ၉ခေါက် ကို အလွတ်ရရင် 
မျက်လွှာလေးချပြီး ဖြေးဖြေးနဲ့မှန်မှန် အရင်ရွတ်ဆိုပါ။

ဂုဏ်တော်တွေမပွားများခင်မှာ စိတ်ကို 
အကုန်လွှတ်ချပြီး ဝင်လေ ထွက်လေလေးကို 
အာရုံစိုက်ပြီး တရားအရင်ထိုင်ပါ။ 

စိတ်တွေအေးချမ်းသွားပြီး ငြိမ်သွားပြီ ဆိုကာမှ ရွတ်စရာရှိတာတွေ စရွတ်ပါ။

အဲနည်းလေးအတိုင်း စမ်းကြည့်ပါ
အေးချမ်းလာပါလိမ့်မယ်...

မျှဝေ ပူဇော်ပါသည်။

credit.. 

No comments:

Post a Comment