""""""""""""
*စက္ခုဆိုတာ...မျက်စိကို ပြောတာ
* ဝိညာဏ် -သိတာကိုပြောတာ (မျက်စိမှာ ပေါ်လာတဲ့ အသိစိတ်)
* သောတဝိညာဏ်စိတ်-နားကိုမှီပြီး ပေါ်လာတဲ့ အသိစိတ်
* ဃာနဝိညာဏ်စိတ် -နှာခေါင်းကို မှီပြီး ပေါ်လာတဲ့ အသိစိတ်
*ဇိဝှာဝိညာဏ်စိတ် -လျှာကိုအမှီပြုပြီး ဖြစ်ပေါ်လာတဲ့ အသိစိတ်
* ကာယဝိညာဏ်စိတ် -ကာယကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့. အသိစိတ်
* မနောဝိညာဏ်စိတ် -(ဘဝင်)မနကို မှီပြီးဖြစ်ပေါ်လာတဲ့ အသိစိတ်
အားလုံးပေါင်းလိုက်တဲ့အခါ ၆-မျိုးရတယ်၊ အဲ့ဒီ ၆-မျိုးဟာ
စေတသိက်နဲ့ ပေါင်းပြီးတော့ နာမ်တရားတွေ ဘယ်လို
ဖြစ်ပေါ်တယ်ဆိုတာ ဟောနေတာပါ။
တစ်ခုချင်း တစ်ခုချင်း သဘောပေါက်ထားရမှာက
နာမ်တရားဆိုတာ ရှိနှင့်နေတဲ့ တရားမဟုတ်ဘူး
ရုပ်တရားတွေကို မှီပြီး အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာတဲ့
တရားမျှသာ ဖြစ်တယ် ဆိုတာပါပဲ။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့
နာမ်တရားလို့ခေါ်တဲ့ စိတ်,စေတသိက်တွေဟာ ရုပ်ကို
အမှီပြုပြီးတော့ ခုလိုဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေနဲ့
တိုက်ဆိုင်တဲ့အခါမှသာ ပေါ်ပေါက်လာကြတယ်။
အဲ့ဒီ သဘာဝတရားတွေကို ဗုဒ္ဓမြတ်စွာဟောတဲ့အတိုင်း
သိရှိကြသဖြင့် ကိုယ့်ခန္ဓာကိုယ်မှာ ထာဝရမြဲတဲ့အရာ
(ငါ) လို့ ထင်နေတဲ့အရာဆိုတာ ဘာတစ်ခုမှ မရှိပါလား
သူ့အကြောင်းနဲ့သူ ဖြစ်ပြီး ၊ သူ့ဟာသူပေါ်ပြီး ပျောက်နေတဲ့
အရာသာဖြစ်တယ် ။
အဲ့ဒီတရားတွေဟာ (ငါ )လည်း မဟုတ်ဘူး ၊ (ငါ့ )ဟာလည်း
မဟုတ်ဘူး ဆိုတဲ့ အသိဥာဏ်ကလေး ဝင်လာတာဟာ
(သမ္မာဒိဋ္ဌိ) မှန်ကန်သော အမြင်ပဲလို့ အားလုံး ကိုယ်စီ ကိုယ်စီ
သဘောပေါက်ပြီး အားလုံး ကိုယ်စီ သမ္မာဒိဋ္ဌိဥာဏ် ရင့်သန်စေရန်
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
🙏 သာဓု...သာဓု...သာဓု...🙏
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ် ဆရာတော်ဘုရား၏
အဘိဓမ္မာ မြတ်ဒေသနာ
နာမ်တရားကို လေ့လာခြင်းမှ
စာစီရေးသားပူဇော်သည်...🙏
N . M . M . P
No comments:
Post a Comment