စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

သံကိစ္စသာမဏေ

🙏သံကိစ္စသာမဏေ🙏
🌺🌺🌺🌺🌺🌺🌺🌺🌺
မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသောအခါ ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ထံ ကမ္မဋ္ဌာန်းကိုယူ၍ တောအရပ်သို့ သွားကြမည်ရှိရာ ဘုရားရှင်သည် အနာဂတံသဉာဏ်တော်ဖြင့် ရှုမျှော်တော်မူလျှင် ဘေးဥပဒ် ကြီးစွာကျရောက်လတ္တံသည်ကိုမြင်
တော်မူ၍ ငါ၏ ချစ်သားအရှင်သာရိပုတ္တရာအထံသို့ဝင်၍ သွားကြလော့ဟု မိန့်တော်မူသည့်အတိုင်း ဝင်တော်မူလေ၏။ အရှင်သာရိပုတ္တရာကလည်းတစုံတခုအကြောင်းရှိ ရာသည်ဟု ဆင်ခြင်တော်မူလျှင် ဘေးဥပဒ်မှ လွတ်ကင်းစေရန်သံကိစ္စသာမဏေကို ခေါ်၍ သွားကြလေလော့ဟု မိန့်တော်မူ၏။ ရဟန်းသုံးကျိပ်တို့မှလည်း ဤသာမဏေငယ်ဖြင့် ပလိဗောဓကြောင့်ကြမကင်း စိုးရိမ်ခြင်းမကွာ ရှိကြပါလိမ့်မည် မခေါ်လိုပါဟု လျှောက်ထား၏။

အရှင်သာရိပုတ္တရာမထေရ်က ငါ့ရှင်တို့ ဤသာမဏေငယ်ကြောင့် ကြောင့်ကြခြင်း ပလိဗောဓမဖြစ်လတ္ထံ။ သင်တို့၏ ကြောင့်ကြခြင်းပလိဗောဓ ကိုဤသာမဏေငယ်မှ ပယ်ဖျောက်ရလတ္တံ့။့ဤသာမဏေငယ်ကို ခေါ်၍သာ သွားကြကုန်။ ဤအကြောင်းကို မြင်တော်မူ၍ မြတ်စွာဘုရားရှင်သည် အသင်တို့ကို ငါ့ထံဝင်စေတော်မူသည်ဟုမိန့်တော်မူ၏ ဤသို့လျှင် ရဟန်းသုံးကျိပ်တို့လည်းခေါ်၍ သွားကြလေ၏။ရဟန်းတို့လည်း ယူဇနာ တစ်ရာ့နှစ်ဆယ်အထက်၌ တစ်ခုသောရွာကို မွီ၍ဝါကပ်ကြကုန်၏။ 

ငါ့ရှင်တို့ ဆွမ်းစားသောအခါမှတပါး နှစ်းပါးသောရဟန်းတို့ တစ်ခုသောအရပ်၌ မနေကြစတမ်း။ အကြင်ရဟန်းမကျန်းမခံ့သော ထိုရဟန်းက ကျောက်စည်
ခေါင်းလောင်းကိုထိုးလော့။ ထိုမှအလွတ်အခါများ၌ မေမ့မေလ်ာ့တရားကို အားထုတ်ကြကုန်အံ့ဟု ကတိပြုကြ၏။ တစ်နေ့သော်သူဆင်းရဲတယောက်သည် တစ်ပါးသောအရပ်မှာနေသော သမီးငယ်ထံသို့ ငတ်မွတ်၍ လာခဲ့သည်ရှိသော် လမ်းခရီး၌ ထိုရဟန်းတို့၏ နေရာသို့ရောက်၍စား ကြွင်းစားကျန် စားသောက်နေထိုင်လေ၏။ 

နှစ်လ သုံးလ လွန်သော် ထိုရဟန်းတို့က တားမြစ်မည်စိုး၍ မပန်ကြားပဲ သမီးငယ္ထံ သွားပြန်၏။ ခရီးအကြားတောအုပ်၌ ခိုးသားငါးရာ တို့သည် ဗလိနတ္စာ အလို့ငှာ သတ်မည်ရှိသော် အရှင်တို့ ငါကားစားကြွင်းစားတည်း။ သူဆင်းရဲတို့မည်သည်လူညံ့ယုတ်မာတည်းငါ၏ အရှင်ကောင်းတို့သည်မင်းမျိုးမင်းနွယ်သည် ဤမည်သောအရပ်၌ နေကြ၏ အရှင်မြတ်တို့ကို သတ်၍ ဗလိနတ္စာ ပြုသော် နတ်တို့နှစ်သက်၍ အကျိုးများပါလိမ့်မည်ဟုပြောဆို၏။ ခိုးသူတို့လည်း သဘောကျသဖြင့် ထိုစားကြွင်းစားယောက်ျားကိုလမ်းညွှန်ပြစေ၍ ရောက်လေသော်ကျောက်စည်ခေါင်းလောင်းကို ထိုးစေ၏။

 ထိုအခါ မထေရ်ကြီးက အဘယ်သူသည် ခေါင်းလောင်းထိုးသနည်း။ ခိုးသူကြီးကလည်း ငါတို့ ထိုးသည်။ အဘယ့်ကြောင့်နည်းဟုမေးလျှင် အရှင်ဘုရားတို့တွင် တစ်ပါးသောသူကို ယူဆောင် ဗလိနတ်စာပြုလိုသည်ဟု ပြောဆို၏။ ရဟန်း
တို့သည် အကြီးဆုံးမထေရ် မှစ၍ငါလိုက်မည် ကျန်အရှင်ဘုရားတို့မမေ့မလျော့ တရားကို အားထုတ်၍နေရစ်တော်မူကြပါဟုဆို၍ရဟန်း သုံးကျိပ်လုံးပင် ထကြ၏။

 ထိုအခါ သံကိစ္စမထေရ်သည်အရှင်ဘုရားတို့ သည်းခံတော်မူကြပါကုန်။ အကြှနျုပျလိုကျပါမညျဟု
ပြောဆိုလျှောက်ထား၏။ ရဟန်းတို့ကလည်း အို ' ရှင်သာမဏေ သင်ကား အရှင်သာရိပုတ္တရာမထေရ်၏တပည့်ဖြစ်ပေသည် ငါတို့မထည့်ဝံ့ကုန်'' သံကိစ္စသာမဏေကလည်း"အရှင်ဘုရားတို့ ဤကဲ့သို့ဘေးဥပဒ်ကို မြင်တော်မူ၍ အကျွန်ုပ်ကို ထည့်လိုက်ပါသည်။ မြစ်တားတော်မမူပါလင့်" ဟုခွင့်ပန် ရှိခိုးပြီးလျှင် ခိုးသူတို့နှင့် လိုက်သွားလေ၏။ ခိုးသူကြီးလည်း သန်လျက်ကိုကိုင်၍ သတ်အံ့ဟု သာမဏေထံချဉ်းကပ်လေ၏။ 

သာမဏေလည်းထိုင်လျက်သာလျှင် မေတ္တာဈာန်ကို ဝင်စာ်းနေလေ၏။ ခိုးသူကြီးလည်း သန်လျက်ဖြင့်ပခုံးကိုခုတ်၏သန်လျက်သည်ခွေ၍ အသွားချင်းထိလျက်တည်လေ၏။ ခိုးသူကြီးက ချော်ချွတ်သည်ထင်၍ တစ်ဖန် ခုတ်ပြန်၏။ သန်းလျက်ကားထန်းရွက်ကဲ့သို့ လိမ်၍ စု၍တည်လေသော် ငါ၏ သန်လျက်သည် ရှားနှစ်တိုင်တို့ပင် ဝါး ကြိမ်မြက်ကဲ့သို့တစ်ချက်တည်းခုတ်ခြင်းငှာစွမ်း၏။ အသက်ဝိညာဉ်မရှိ အဝိ
ညာဏက ဖြစ်လျက်ဤသာမဏေ၏ ဂုဏ်ကျေးဇူးကိုသိ၏။ ငါသည်လူသားစင်စစ်သဝိညာဏက ထင်ရှားဖြစ်ပါလျက် မသိမိုက်မှားမိချက်သည် နက်နဲလေစွတကား ဟုသန်လ်က္ကို ပစ္ခ်၍ သာမေဏ၏ ခြေရင်းတွင် ဝပ်တွားလျက် "အရှင်ဘုရား အကျွန်ုပ်တို့သည် ဥစ္စာကြောင့်တောအုပ်၌ ဝင်ကြကုန်၏အဝေးကမြင်လျှင်ပင် တစ်ထောင်မျှသော
ယောက်ျားတို့ပင်သော်လည်း တုန်လှုပ်ကုန်၏။ 

အမောင်သာမဏေကား ဖိုဝ၌ လှော်အပ်သော ရွှေစင်ကဲ့သို့ ။ ကောင်းစွာ ပွင့်သောမဟာလှေကားပန်းကဲ့သို့ သင်၏ မျက်နှာသည် လွန်စွာတင့်တယ်ဘိ၏ဘေးကြီးရောက်ဆဲအခါဝယ် ဘဇာမူ၍မငိုကြွေးဘိသနည်း"ဟု မေး၏။သံကိစ္စသာမဏေလည်းမေတ္တာဈာန်မှ ထ၍ " အို .ခိုးသူကြီးရဟန္တာ ပုဂ္ဂိုလ်တို့၏ အတ္တဘောမည်သည်ကား ဦးခေါင်း၌ထားအပ်သော ဆံနှင့်တူ၏။ ထိုအတ္တဘောပျက်ဆီးသည်ရှိသော် အနည်းငယ်မျှကြောက်လန့်ခြင်းမရှိ" ဟုဆို၏။

 ခိုးသူကြီးသည်သံကိစ္စသာမဏေ၏ စကားကိုကြားလျှင် ကြည်ညိုလွန်း၍ ခိုးသားအပေါင်းနှင့်တကွသံကိစ္စ
သာမဏေ၏ရှင်အဖြစ်တောင်းပန်ကြ၏။ ထိုခိုးသူတို့ကို ဆောင်ယူ၍ရဟန်းသုံးကျိပ်ထံ ပြန်ပြောလျှောက်ထားခဲ့၍ အရှင်သာရိပုတ္တရာအထံမှသည် မြတ်စွာဘုရားထံတော်သို့ဝင်၍ အကြောင်းအလုံးစုံကိုလျှောက်ထားလေ၏။ ထိုအခါမြတ်စွာဘုရားမှ ထိုခိုးသားရဟန်း
တို့ကို အကြောင်းပြု၍ -*"ယောစ ဝဿသတံဇီဝေ ဒုဿီလော အသမာဟိတော။ဧကာ ဟံ ဇီဝိတံ သေယျောသီလဝန္တဿ ဈာယိနော"* ။ ဟူသောဂါထာကို ဟောတော်မူ၏။ဂါထာ၏ အဆုံး၌ ထိုရဟန်းငါးရာသည် ပဋိသမ်ဘိဒါ လေးပါးနှင့်တကွရဟန္တာဖြစ်လေကုန်၏။ 

Credit...

No comments:

Post a Comment